ကျွန်တော့်ကလေးများသည် မှုန်ဝါးနေသောဓာတ်ပုံကို ငုံ့ကြည့်လိုက်၊ ကျွန်တော့်အားမော့ကြည့်လိုက်၊ ထို့နောက် ကျွန်တော်၏အဖေအားကြည့်လိုက်၊ ကျွန်တော်အားပြန်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။ သူတို့၏မျက်လုံးများ သည် ပန်ကန်ပြားကဲ့သို့ဝိုင်းစက်ပြူးကျယ်လျက် “ဖေဖေက ဖိုးဖိုးငယ်ငယ်တုံးကပုံနဲ့ တော်တော်တူတာဘဲ။” ကျွန်တော်နှင့်ဖေဖေပြုံးမိကြသည်။ ကလေးများက ယခုမှသတိထားမိသော်လည်း ကျွန်တော်တို့ သတိထားမိသည်မှာ ကြာပြီးဖြစ်သည်။ ကျွန်တော်နှင့် ဖေဖေသည် တစ်ဦးစီဖြစ်သော်လည်း ကျွန်တော်၏ပိန်ရှည်ရှည်ခန္ဓာ၊ နက်မှောင်သော ဆံပင်၊ ချွန်နေသောနှာခေါင်းနှင့် ကားနေသောနားရွက်တို့ကြောင့် အဖေငယ်စဉ်ကရုပ်နှင့်အလွန်တူသည်။ ကျွန်တော်သည် ကျွန်တော့်အဖေမဟုတ်။ သို့သော် သေချာသည်မှာ ကျွန်တော်သည် ကျွန်တော့်အဖေ၏သားဖြစ်သည်။

တစ်ခါက သခင်ယေရှု၏နောက်လိုက်တပည့်တော် ဖိလိပ္ပုသည် “သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ”(ယော ၁၄:၈) ဟုမေးခွန်းထုတ် ခဲ့သည်။ ထိုသို့မေးမြန်းခြင်းသည် သခင်ယေရှုအတွက် ပထမဆုံးအကြိမ် မဟုတ်သည့်အတွက် ကိုယ်တော်က “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်၏”(:၉) ဟူသော ဖြေဆိုမှုကြောင့် အားလုံးတွေဝေငေးငိုင်သွားကြသည်။ ကျွန်တော်နှင့်အဖေတို့၏ အပြင်ပန်းအဆင်းသဏ္ဌာန်ချင်း တူညီသကဲ့သို့မဟုတ်ဘဲ သခင်ယေရှု၏အဖြေသည် တစ်မူ ထူးဆန်းနေပါသည်။ “ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော” (:၁၀)။ သူ၏ထူးခြားသော အနှစ်သာရနှင့် စရိုက်လက္ခဏာသည် သူ၏ခမည်းတော်နှင့်တစ်ထပ်တည်းဖြစ်သည်။

ထိုအချိန်အခါသမယတွင် သခင်ယေရှုသည် သူ၏တပည့်တော်များနှင့် ကျွန်ုပ်တို့အား- “ဘုရားသခင်သည် မည်ကဲ့သို့သော ပုံပန်းသဏ္ဌာန်ရှိသည်ကို သင်တို့သိလိုလျှင်ငါကိုကြည့်ပါ”ဟူ၍ ပွင့်လင်းစွာပြောပြနေသည်။ JOHN BLASÉ