၁၉၇၀ ခုနှစ်က သတ္တုစမ်းသပ်ရှာဖွေသောကိရိယာကို အသုံးပြုခြင်းသည် ပီတာဝက်ချ် ၏ဝါသနာမျှသာ ဖြစ်သည်။ သို့သော် ၁၉၉၀ ခုနှစ်မှစ၍ သတ္တုစူးစမ်း ရှာဖွေခြင်းခရီးစဉ်များဖြင့် ကမ္ဘာတစ်ဝန်းမှ လူများကို သူဉီးဆောင်ခဲ့သည်။ ဓားများ၊ ရှေးဟောင်း ရတနာများ၊ အကြွေစေ့များ စသည်ဖြင့် ရှာဖွေတွေ့ရှိမှုထောင်ပေါင်းများစွာ ရရှိခဲ့သည်။ ဂြိုဟ်တုပံုရိပ်ကို အမှီပြုတီထွင်ထားသော Google Earth ကို အသုံးပြု၍ အင်္ဂလန်ရှိ လယ်မြေများကို စူးစမ်းရှာဖွေခဲ့သည်။ ထိုရှာဖွေမှုမှ ရှေးရာစုနှစ်များစွာကရှိခဲ့သည့် လမ်းများ၊ အဆောက်အဉီများနှင့် အခြားသော ရှေးမြို့ပြဖွဲ့စည်းတည်ဆောက်မှုကို တွေ့ရှိခဲ့သည်။ “အပေါ်စီးမှကြည့်သည့်အမြင် က ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါတယ်”ဟု ပီတာ က ပြောပြသည်။

ပရောဖက်ဟေရှာယခေတ်ရှိ ဘုရားလူများသည် အထက်မှအမြင်ကို ရရှိရန် လိုအပ်သည်။ ဘုရားသခင်၏လူမျိုးတော်ဟုဆိုလျက် သူတို့ဂုဏ်ယူဝင့်ကြွားနေစဉ် တစ်ဘက်တွင် နာခံခြင်းမရှိ၊ ရုပ်တုဆင်းတုများကိုလည်း မစွန့်လွှတ်နိုင်။ သို့သော် ဘုရားသခင်၌ အခြားသောအမြင်ရှိသည်။ သူတို့မနာခံသော်လည်း ဗာဗုလုန်ကျွန်ခံရာ ဘဝမှ ၎င်းတို့ကို ဘုရားရှင်ကယ်တင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် “ကိုယ့်အတွက် ငါပြုဉီးမည်။ ငါ့ဂုဏ်အသရေကို သူတစ်ပါးအား ငါမပေး”(ဟေရှာ ၄၈:၁၁)ဟု ဘုရားရှင် မိန့်ကြားခဲ့သည်။ ဘုရားသခင်၏အထက်မှအမြင်အရ ဘဝအသက်တာ သည် မိမိအလိုအတိုင်းမဟုတ်ဘဲ၊ သူ့ဘုန်းတော်နှင့်သူ၏အကြံအစည်အတွက် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားနှင့် သူ၏အကြံအစည်၌ အာရုံစိုက်ရန်၊ အခြားသူ များ ထိုဘုရားကို ချီးမွမ်းစေခြင်းငှာ ညွှန်ပြခြင်းအမှု၌ အာရုံစိုက်ရန်ဖြစ်သည်။

ဘဝအသက်တာသည် ဘုရားဘုန်းတော်အတွက်ဟုရှုမြင်ခြင်းက ကမ္ဘာသစ် တစ်ခုကို ဖွင့်လှစ်ပေးသည်။ ဘုရားသခင်အကြောင်း ကျွန်ုပ်တို့ဘာကိုရှာဖွေတွေ့ရှိနိုင်ပြီး ကျွန်ုပ်တို့အတွက် သူဘာလုပ်ပေးထားသည်ကို ထိုဘုရားတစ်ပါးတည်း သာသိ သည်။ ကျွန်ုပ်တို့အတွက် ကောင်းကျိုးဖြစ်မည့်အရာကိုသွန်သင်လျက် လျှောက်လှမ်း ရမည့်လမ်းကို ကိုယ်တော်ပဲ့ပြင်ဉီးဆောင်သွားမည်ဖြစ်သည်။(:၁၇) ANNE CETAS