ညဥ့်သန်းခေါင်ယံအချိန်၌ အသင်းသားတစ်ယောက်မှသူ့အိမ်သို့လာရန် ခေါ်ဆိုသော ဖုန်းကို သင်းအုပ်ဆရာ Samuel Baggaga လက်ခံရရှိခဲ့သည်။ သူရောက်သွားသော အခါ ထိုအိမ်မီးလောင်နေသည်ကို တွေ့ရသည်။ ဖခင်ခမျာ မီးလောင်ဒဏ်ရာရ လျက်နှင့် သူ့ကလေးကိုကယ်ထုတ်ရန် အိမ်ထဲဝင်သွားပြီး သတိမေ့မျောနေသော သမီးကို ကယ်ထုတ်ခဲ့သည်။ ယူဂန်ဒါဒေသ၏မြို့ပြအနေအထားအရ ဆေးရုံမှာ ခြောက်မိုင် (၁၀ ကီလိုမီတာ) အကွာအဝေးတွင် တည်ရှိသည်။ ကားအသွားအလာ လည်းမရှိသဖြင့် သင်းအုပ်ဆရာနှင့် ဖခင်သည် ထိုကလေးကို သယ်ပိုးလျက် ဆေးရုံသို့ အပြေးနှင်ခဲ့သည်။ ဒဏ်ရာရနေသောကလေးမလေးကို သယ်ဆောင် ခရီးနှင်ရင်း တစ်ယောက်မောလျှင် ကျန်တစ်ယောက်က လက်ပြောင်းသယ်သည်။ ထိုသို့ အတူတကွလုပ်ဆောင်ခြင်းဖြင့် ဆေးရုံရောက်သွားသည်။ သို့နှင့် ဖခင်နှင့် သမီးတို့ ဆေးကုသမှုခံယူပြီးနောက် အပြည့်အဝပြန်လည်ကျန်းမာလာသည်။

ထွက်မြောက်ရာကျမ်း ၁၇:၈-၁၃ မှ ကြီးမားသောအောင်ပွဲအတွက် ဘုရားသခင်စီမံကွပ်ကဲသည့်တိုက်ပွဲတွင် စစ်တလင်း၌ ဉီးဆောင်တိုက်ခိုက်ရသော ယောရှုနှင့် ဘုရားသခင်၏လှံံကိုကိုင်လျက် လက်ကိုမြောက်ထားသောမောရှေတို့ ၏ အားထုတ်မှု ပါဝင်သည်။ မောရှေလက်ညောင်းသောအခါ သူ၏လက်တစ်ဘက် စီကို အာရုန်နှင့်ဟုရတို့က နေဝင်သွားသည့် တိုင်အောင် ကိုင်မပေးကြပြီး ရန်သူကို အပြီးချေမှုန်းနိုင်ခဲ့သည်။

အပြန်အလှန်အမှီသဟဲပြုခြင်း၏တန်ဖိုးကို ဘယ်သောအခါမှ လျော့တွက်၍ မရပါ။ ဘုရားသခင်သည် လူသားများကို သူ၏သံတမန်အနေဖြင့် အပြန်အလှန် အကျိုးပြုကြရန် ကျေးဇူးပြုထားသည်။ နားထောင်ပေးသောနား၊ ဖေးမသောလက်၊ နှစ်သိမ့်ပေးခြင်း၊ အမှန်ပြုပြင်ပေးခြင်းနှင့် အခြားသောအရာများသည် သူတစ်ပါး အားဖြင့် ကျွန်ုပ်တို့ထံသို့ရောက်နိုင်သလို၊ ကျွန်ုပ်တို့အားဖြင့် သူတစ်ပါးဆီသို့ ရောက်သွားနိုင်သည်။ ကျွန်ုပ်တို့အတူတကွလုပ်ဆောင်ခြင်းအားဖြင့် အောင်မြင်မှု ရပြီး ဘုရားသခင်၏ ဘုန်းထင်ရှားစေပါသည်။ ARTHUR JACKSON