လန်ဒန်မြို့၌ အကြီးဆုံးသောပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ ဂျွန် ထောင်ကျသွား သောအခါ သူသည် သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဖြစ်သည်ဟု တစ်လွဲယုံကြည် ခဲ့သည်။ ထောင်ထဲတွင် ကိတ်မုန့်နှင့်ကော်ဖီစားရရန်အတွက် ကျမ်းစာသင်တန်း တက်ရန် သူဆုံးဖြတ်ခဲ့သည်။ သို့သော် အခြားအကျဉ်းသားများ၏ ပျော်ရွှင် ဝမ်းမြောက်မှုက သူ့ကို ရိုက်ခတ်လျက် ပထမသီချင်းတစ်ပုဒ်ဆိုနေစဉ်မှာပင် သူ စတင်ငိုကြွေးပြီးနောက် သမ္မာကျမ်းစာအုပ်ကို လက်ခံရယူခဲ့သည်။ ထိုနောက် ယေဇကျေလအနာဂတ္တိကျမ်းကို ဖတ်ရှုရာ၊ မိုးကြိုးထိမှန်သကဲ့သို့ တို့ထိခြင်းခံရပြီး သူပြောင်းလဲသွားသည်။ “မတရားသောသူသည် မိမိပြုသောအဓမ္မအမှုကို ရှောင်၍ တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြုလျှင် … သေခြင်းနှင့်လွတ်၍ စင်စစ် အသက်ရှင်ရလိမ့်မည်”(၁၈:၂၇-၂၈)ဟူသည့် ဘုရားစကား သူ့ထံ ရောက်လာပြီး “ငါဟာ လူကောင်းမဟုတ်ဘူး၊ ဆိုးညစ်တဲ့သူဖြစ်ပြီး ပြောင်းလဲဖို့လိုတယ်”ဟုသိမြင်လာသည်။ သင်းအုပ်ဆရာနှင့်အတူဆုတောင်းလျက် “ယေရှုကို ကျွန်ုပ်တွေ့ပြီ။ သူကျွန်တော့်ကို ပြောင်းလဲ ပေးခဲ့တယ်”ဟုဆိုသည်။

ထိုကျမ်းစကားသည် ဘုရားသခင်၏လူမျိုးတော်များ တိုင်းတစ်ပါးသို့ ဖမ်းဆီးသိမ်းသွားခံရချိန်တွင် ပရောဖက်ယေဇကျေလမိန့်ကြားသောစကားဖြစ်သည်။ ဘုရားထံမှ သူတို့ကျောခိုင်းသွားသော်လည်း သူတို့ပြစ်မှားသောအပြစ်များကိုစွန့်လွှတ်ပြီး အသစ်သောနှလုံး၊ အသစ်သောဝိညာဉ်ကို ရယူရန် ဘုရားရှင် မျှော်လင့်တောင့်တခဲ့သည်။ ထိုစကားလုံးများက ဂျွန် ကို နောင်တရစေပြီး၊ အပြစ်သားများကိုနောင်တသို့ခေါ်တော်မူသည့် သခင်ယေရှုနောက်တော်သို့လိုက်ကာ “ပြောင်းလဲ၍အသက်ရှင်ရန်”ကူညီမစခဲ့သည်(လု ၅:၃၂)။

သန့်ရှင်းသောဝိညာဉ်တော်၏ အပြစ်ဖော်ပြခြင်းကို ကျွန်ုပ်တို့တုံ့ပြန်နိုင်ပါစေ၊ သို့မှသာ ခွင့်လွှတ်ခြင်းနှင့် လွတ်မြောက်မှုကို ခံစားနိုင်မည်ဖြစ်သည်။ AMY BOUCHER PYE