ရှေ့ဆက်ရမည့်လုပ်ငန်းကို စစ်ဆေးကြည့်ရှုရန် ခေါင်းဆောင်က ညအချိန်၌ မြင်းစီးပြီး ထွက်သွားသည်။ သူ့ပတ်လည်ရှိ အပျက်အစီးများကို လှည့်လည် ကြည့်ရှုရင်း မြို့ရိုး ပြိုပျက်လျက်ရှိခြင်း၊ မြို့တံခါးမီးလောင်ပျက်စီးခြင်းကို သူမြင်ခဲ့ သည်။ အချို့နေရာများတွင် အပျက်အစီးများက များလွန်း၍ မြင်းသွားရန်ပင် အခက်အခဲဖြစ်သည်။ ဝမ်းနည်းမှုဖြင့် သူအိမ်သို့လှည့်ပြန်ခဲ့သည်။

မြို့မှတာဝန်ရှိသူများထံ အပျက်အစီးများတင်ပြရန် အချိန်ကျသောအခါ “ငါတို့ ခံရသော ဆင်းရဲခြင်းကို … သင်တို့သိမြင်ကြ၏” (နေဟမိ ၂:၁၇)ဟု အစချီကာ မြို့တစ်မြို့လုံးပျက်စီးလျက် မြို့၏အကွယ်အကာဖြစ်သည့်မြို့ရိုးမှာလည်း အသုံးမဝင် ဖြစ်နေကြောင်း ဆိုခဲ့သည်။

ထိုနောက် ဒုက္ခရောက်နေသည့်မြို့သားများအား “ငါ၏ဘုရားသခင်သည် ငါ့အား ပြုတော်မူသောကျေးဇူးကိုလည်းကောင်း၊ ရှင်ဘုရင်မိန့်တော်မူသော စကားကို လည်းကောင်း ကြားပြောလျက်” အားပေးရာ၊ “သူတို့က ငါတို့သည် ထ၍တည်ကြ ကုန်အံ့”ဟု ဆိုကြသည် (:၁၈)။ တကယ်လည်း ထ၍တည်ကြသည်။

ရန်သူများက ဆီးတားလည်း၊ မဖြစ်နိုင်သော အမှုဟု ထင်ရလည်း ဘုရားသခင် ကို ယုံကြည်လျက်၊ အစွမ်းကုန်လုပ်ဆောင်ကြသည်။ နေဟမိ၏ဉီးဆောင်မှု အောက်တွင် ယေရုရှလင်မြို့သားတို့သည် ယေရုရှလင်မြို့ရိုးကို ၅၂ ရက်ဖြင့် အပြီးတည်ဆောက်ခဲ့ ကြသည် (၆:၁၅)။

မိမိအခြေအနေကို ကြည့်ပြီး ခက်ခဲသော်လည်း ဘုရားသခင်ပြုစေလိုသည်ဟု သင်သိသောအမှုတစ်စုံတစ်ရာရှိပါသလား။ သင်မစွန့်နိုင်ဟုထင်နေသည့် အပြစ် တစ်စုံတစ်ရာရှိပါသလား။ ဘုရားဘုန်းတော်မထင်ရှားသော ဆက်ဆံရေးအက်ကွဲကြောင်းရှိနေပါသလား။ ကိုယ်တော့်အတွက် ခက်ခဲလွန်းသောအမှုရှိပါသလား။

ဘုရားသခင်၏လမ်းပြမှုကို တောင်းခံပါ (၂:၄-၅)။ ပြဿနာကို ပိုင်းခြားပါ (:၁၁-၁၅)။ ကိုယ်တော်၏ပါဝင်ဖြေရှင်းပေးမှုကို အသိအမှတ်ပြုပါ (:၁၈)။ ထိုနောက် ပြန်လည်တည်ဆောက်ပါ။ DAVE BRANON