လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျွန်ုပ်တို့ ဇနီးမောင်နှံသည် အသင်းတော်လေးတစ်ပါး သို့ သွားရောက် ဝတ်ပြုခဲ့ကြသည်။ ဝတ်ပြုစည်းဝေးချိန်တွင် အမျိုးသမီးတစ်ဉီး လူသွားလမ်း၌ ထွက်ပြီး ကခုန်သည်။ ခဏအကြာတွင် လူအချို့တို့လည်း ထွက်က ကြသည်။ ကျွန်ုပ်တို့ဇနီးမောင်နှံမှာ မတိုင်ပင်ရဘဲ တစ်ဉီးမျက်နှာတစ်ဉီးကြည့်မိပြီး “ငါတို့မကဘူး” ဟု မပြောရဘဲ တစ်သဘောတည်းဖြစ်သွားသည်။ ကျွန်ုပ်တို့က ရိုကျိုး ငြိမ်ဝပ်မှုဖြင့်ကိုးကွယ်ခြင်းကိုနှစ်သက်သည့် ရှေးရိုးအစဉ်အလာနှင့် ကြီးပြင်း လာခဲ့သဖြင့် ထိုဝတ်ပြုခြင်းပုံစံက ကျွန်ုပ်တို့နှင့် အံဝင်ခွင်ကျမဖြစ်ပါ။

ရှင်မာကု ခရစ်ဝင်ကျမ်းမှ မာရိ၏ဖြုန်းတီးမှုအကြောင်းက လုံးဝအဓိပ္ပာယ်မရှိ ဟု ဆိုပါလျှင် ၎င်းသည် သခင်ယေရှုအပေါ်ထားသည့် ချစ်ခြင်းကို အခြားသူ အတွက် အဆင်မပြေသည့်တိုင် မိမိစိတ်ကြိုက်ဖော်ပြနိုင်ကြောင်းကို အကြံပြုဖော်ပြ နေပါသည်(၁၄:၁-၉)။ မာရိဆီလောင်းခြင်းကိစ္စ၌ တစ်နှစ်စာ လုပ်အားခပါဝင်သည်။ ပညာမဲ့သော လုပ်ရပ်ဖြစ်ခြင်းကြောင့် တပည့်တော်တို့၏ကဲ့ရဲ့ဝေဖန်မှုကို ခံရသည်။ ရှင်မာကု သုံးနှုန်းသောစကားလုံးက သရော်ကဲ့ရဲ့ခြင်း၊ အထင်အမြင်သေးစက်ဆုပ် ခြင်း၊ ပျက်ရယ်ပြုခြင်းသဘောကို ရည်ညွှန်းသည်။ မာရိအနေနှင့်လည်း သခင် ယေရှု မည်သို့ တုံ့ပြန်လိုက်မည်နည်းဟု ကြောက်ရွံ့တွန့်ဆုတ်နေရှာမည်။ သို့သော် သူမ၏ ဆည်းကပ်ကိုးကွယ်မှုကို သခင်ချီးမွမ်းခဲ့ပြီး တပည့်တော်များ၏ပြစ်တင်မှုမှ ကာကွယ်ပေးခဲ့သည်။ လက်တွေ့မကျ မဖြစ်သင့်သည့်ကိစ္စဟု အချို့က တွေးကြမည် ကို သိသိကြီးနှင့် ဤသို့ပြုမူရန် တွန်းအားပေးခဲ့သည့် သူမ၏ချစ်ခြင်းကို သခင် မြင်သောကြောင့်တည်း။ “ထိုမိန်းမကိုရှိစေတော့။ အဘယ်ကြောင့် နှောင့်ယှက် ကြသနည်း။ သူသည် ငါ၌ ကောင်းသောအမှုကို ပြုပြီ”(:၆) ဟု သခင်မိန့်တော်မူ၏။

သမားရိုးကျရှေးရိုးပုံစံ (သို့) စည်းစနစ်မတင်းကြပ်သည့်ပုံစံ၊ ငြိမ်ဝပ်စွာ (သို့) တက်ကြွ မြိုင်ဆိုင်စွာ မည်သို့ပင်ဖြစ်စေ အမျိုးစုံသောဝတ်ပြုကိုးကွယ်မှုသည် ရှင်ယေရှုအပေါ်ထားသောမေတ္တာကို ရိုးသားစွာသွန်းလောင်းခြင်း ဖြစ်ကြောင်း ကိုယ်စားပြု ဖော်ပြပေးသည်။ DAVID H. ROPER