ကယ်လ်စေးသည် သူမ၏ (၁၁)လ အရွယ်သမီးလေး လူစီနှင့် လူစီ၏ အောက်စီဂျင်စက်ကို ပွေ့ချီလျက် လေယာဉ်လျှောက်လမ်းကျဉ်းကျဉ်းလေး၌ လျှောက်လာသည်။ လူစီ၏ နာတာရှည်အဆုတ်ရောဂါကို သွားကုရန်ဖြစ်သည်။ သူ့နေရာထိုင်ခုံတွင် ထိုင်ပြီးရုံ ရှိသေးချိန်တွင် လေယာဉ်မယ်တစ်ဉီးက ကယ်လ်စေး အား အထူးတန်းမှခရီးသည်တစ်ဉီးက သူမနှင့် ထိုင်ခံုနေရာလဲချင်ကြောင်း ပြောသည်။ ကျေးဇူးတင်စွာဖြင့် မျက်ရည်ကျလျက် ကယ်လ်စေးသည် ပိုပြီးကျယ်ဝန်းသောထိုင်ခုံသို့ လျှောက်လမ်းအတိုင်း အရှေ့သို့ပြန်လျှောက်လာစဥ် အကြင်နာတရားရှိသော လူစိမ်းလည်း သူမထိုင်ခံုသို့ လျှောက်သွားတော့သည်။

ရှင်ပေါလုမှတိမောသေကိုအားပေးသောစာ၌ ပါရှိသည့် ရက်ရောခြင်း အကြောင်းကို ကယ်လ်စေး၏ကျေးဇူးရှင်လူစိမ်းမှ သရုပ်ဖော်ပြနေသည်။ တိမောသေအား သူကြည့်ရှုပြုစုနေသူများကို “သူတစ်ပါးအားကျေးဇူးပြုရန်၊ ကောင်း သောအကျင့်၌ ကြွယ်ဝပြည့်စံုရန်၊ စွန့်ကြဲချင်သော စေတနာစိတ်ရှိရန်” (၁ တိ ၆:၁၈)၊ စသည်တို့ကို သွန်သင်လမ်းညွှန်ရန် ရှင်ပေါလုမှပြောကြားသည်။ လောကစည်းစိမ်ကြွယ်ဝမှုကြောင့် မောက်မာထောင်လွှားလာပြီး စည်းစိမ်ကို မျှော်လင့်ကိုးစားရန် သွေးဆောင်ခံရနိုင်ကြောင်း၊ ထိုသို့ဖြစ်မည့်အစား ထိုင်ခံုအမှတ် -၂ ဒီ ပိုင်ရှင်ကဲ့သို့ သူတစ်ပါးအပေါ် စေတနာစိတ်ဖြင့်အစေခံ၍ သဘောထားကြီး ပြီးရက်ရောသည့် အသက်တာဖြင့်ရှင်သန်ရေးကို အာရံုစိုက်ရန်၊ ကောင်းသော အကျင့်၌ ကြွယ်ဝပြည့်စုံသူဖြစ်ရန် ရှင်ပေါလုမှ အကြံပေးတိုက်တွန်းသည်။

လံုလောက်ပြည့်လျှံသည်ဖြစ်စေ၊ လိုအပ်မှုများရှိသည်ဖြစ်စေ၊ မိမိ၌ရှိသော အရာကို လူအများနှင့် စိတ်အားထက်သန်စွာ မျှဝေပေးခြင်းဖြင့် ရက်ရောသော သဒ္ဓါစိတ်ကြွယ်ဝပြည့်စုံသည့်ဘဝကို ကျွန်ုပ်တို့ရရှိခံစားရနိုင်ပါသည်။ ထိုသို့ ပြုကျင့်လျှင် ကျွန်ုပ်တို့သည် “မှန်သောအသက်ကို ဝင်စားလိုသောငှာ၊ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူးခြင်း” (:၁၉) ဖြစ်သည်ဟု ရှင်ပေါလုမိန့်ကြားပေသည်။KIRSTEN HOLMBERG