၂၀၁၉ ခုနှစ် ဂျော်ဂျီယာ ပြည်နယ် အက်တလန်တာ ဒေသရှိ မိုးဟောက်စ် ကောလိပ်၏ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဧည့်ပရိသတ်ကြီး၏တုံ့ပြန်မှုကို ဖော်ပြရလျှင် “အံ့သြမှင်သက်ခြင်း” ဆိုသည့်စကားလံုးက လုံလောက်ပါသည်။ အခမ်းအနားမှူးက သူနှင့်သူ့မိသားစုသည် ဘွဲ့ရကျောင်းသားအားလုံး၏အကြွေးကို ချေပေးရန် ဒေါ်လာ သန်းပေါင်းများစွာကို လှူဒါန်းမည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ သူတို့၏ပျော်ရွှင်မှုကို မျက်ရည်ကျလျက် အော်ဟစ်ဖော်ပြကြသည့် ဝမ်းသာကြည်နူးနေသော ဘွဲ့ရများတွင် ချေးငွေဒေါ်လာ ၁ သိန်း ရှိသော ကျောင်းသားတစ်ဉီးလည်းပါသည်။

ကျွန်ုပ်တို့အများစုသည် အိမ်အတွက်၊ ကား၊ ပညာရေး၊ ကျန်းမာရေးစရိတ် (သို့) အခြားသောအရာများအတွက် ပေးရန်ရှိသည့် အမျိုးမျိုးသော အကြွေးများကို ကြုံဖူး ကြပါသည်။ ထို့ပြင် ပြေစာတွင် “ရှင်းပြီး”ဟုရိုက်နှိပ်ထားပါက ထူးခြားသည့် သက်သာမှုမျိုးကို ကျွန်ုပ်တို့ခံစားရသည်။

ရှင်ယောဟန်သည် သခင်ယေရှုကို “သစ္စာစောင့်သောသက်သေခံ၊ သေခြင်းမှ ပထမဉီးဆုံးထမြောက်သောသူနှင့် လောကီဘုရင်တို့၏ အထွတ်”ဟု ကြွေးကြော် ပြီးနောက်၊ “ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ” သောသူ(ဗျာ ၁:၅)ဟု သခင်၏အပြစ်ကြွေးများဖယ်ရှားခြင်း အမှုကို အသိအမှတ်ပြု လျက် ကိုးကွယ်ချီးမွမ်းခဲ့သည်။ ထိုအသိအမှတ်ပြုချက်က ရိုးရှင်းသော်လည်း အဓိပ္ပာယ်မှာ လေးနက်သည်။ မိုးဟောက်စ်ကောလိပ်မှ ဘွဲ့ယူသူများကြားခဲ့သည့် ကြေညာချက်ထက်ပိုပြီး အံ့သြစရာကောင်းသည့် ယေရှုခရစ်၏ သေခြင်း (ကားတိုင် ၌အသွေးသွန်းခြင်း)သည် ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်သော သဘောထားများ၊ ဆန္ဒ များ၊ လုပ်ရပ်များနှင့်ထိုက်တန်သောအပြစ်ဒဏ်မှ လွတ်မြောက်စေကြောင်း သတင်း ကောင်း ဖြစ်သည်။ ထိုအပြစ်ကြွေးများ ပေးချေပြီးဖြစ်သောကြောင့် ရှင်ယေရှုကို ယုံကြည်သူသည် ခွင့်လွှတ်ခြင်းခံရပြီး ဘုရားသခင်၏နိုင်ငံတော်တွင် မိသားစုဝင် ဖြစ်လာသည်(:၆)။ အကောင်းဆုံးသောသတင်းပင် ဖြစ်သည်။ ARTHUR JACKSON