လှေဉီးဆောင်သူမှ “ဘယ်ဘက်မှာရှိတဲ့သူအားလုံး အားပြင်းပြင်းနဲ့ အရှေ့ကို သုံးချက် လှော်ပါ” ဟုအော်ပြောလိုက်သည်။ ဘယ်ဘက်၌ရှိသူများက သူ‌ပြောသည့်အတိုင်း လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏လှေမှာ ဝဲကယက်နှင့်ဝေးရာသို့ လွတ်သွားခဲ့သည်။ ဉီးဆောင်သူ၏လမ်းညွှန်မှုကို နားထောင်ခြင်းသည် အရေးကြီးကြောင်း သင်ခန်းစာ ရခဲ့သည်။ သူ၏တည်ငြိမ်သောအသံသည် ရေစီးသန်သောမြစ်တွင် အလုံခြုံဆုံး သော လမ်းကြောင်းအတိုင်းသွားနိုင်ရန် လှေလှော်သည့်အတွေ့အကြုံ မဆိုစလောက် သာရှိသော လူ (၆) ယောက်ကို အတူလုပ်ဆောင်အောင်မြင်စေခဲ့သည်။

ဘဝ၌လည်း ရေစီးသန်သောမြစ်ကဲ့သို့ အလွန်လျင်မြန်သောအရာများ ရှိကြ သည် မဟုတ်ပါလား။ တစ်ချိန်တွင် ဖြောင့်ဖြူးစွာ ရွက်လွှင့်မည်။ ထို့နောက် လျှပ်တပြက်အတွင်း ဝဲကယက်ထဲ တဝဲလည်လည်မဖြစ်အောင် အသည်းအသန် လှော်ကောင်း လှော်နေရမည်။ ဤသို့ ပြင်းထန်သောအချိန်များက မုန်တိုင်းထန်ချိန်၌ ကျွန်ုပ်တို့ကိုကူညီပြီး လမ်းညွှန်ပေးမည့် ယုံကြည်စိတ်ချရသည့်အသံ၊ ကျွမ်းကျင် သော ဉီးဆောင်သူကို လိုအပ်ကြောင်း ပြင်းထန်စွာ သတိပေးနေသည်။

ဆာလံ ၃၂ တွင် “သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန် မည်”(:၈) ဟု ကတိပေးထားသည့် ဘုရားရှင်၏အသံတော်ရှိသည်။ မိမိအပြစ်ကို ဝန်ချခြင်း(:၅)နှင့် ဆုတောင်းခြင်းဖြင့် ဘုရားကိုရှာခြင်း(:၆)သည် ဘုရားစကား ကြားရရန် အရေးပါသောအရာလည်း ဖြစ်သည်။ “သင့်ကို ကြည့်ရှုပြုစုမည်”(:၈) ဟူသော ဘုရားရှင်၏ကတိတော်က ကျွန်ုပ်ကိုသက်သာရာရစေပြီး ဘုရားရှင်၏ လမ်းပြမှုသည် သူ၏ချစ်ခြင်းမှစီးဆင်းကြောင်း သတိပေးနေသည်။ ထိုကျမ်းပိုဒ် ဆုံးခါနီးတွင် ဆာလံဆရာက “ထာဝရဘုရား၌ ကိုးစားသောသူကိုကား ကရုဏာတော်သည် ဝန်းရံတတ်၏”(:၁၀)ဟု အဆုံးသတ်ထားသည်။ ဘုရားသခင် ကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားသည်နှင့် ဘဝ၏ခက်ခဲကြမ်းတမ်းသောလမ်းခရီး တစ်လျှောက် ကျွန်ုပ်တို့ကို လမ်းပြမည့် သူ၏ကတိတော်၌ တည်မှီနိုင်ပါသည်။ ADAM HOLZ