လ - ဇူလိုင် 2020

တောက်ပသောအလင်း

ဒေသခံအသင်းတော်တစ်ခု၏ “ငါးပတ်တာ” ဆုတောင်းခြင်းသင်တန်းတွင် သင်ခန်းစာပို့ချပေးရန် သဘောတူလိုက်ပြီးကာမှ “သင်တန်းသားတွေ သဘောကျ ပါ့မလား။ ကျွန်မကိုရော သဘောကျပါ့မလား” ဟု ကျွန်မစိုးရိမ်မိသည်။ ကျွန်မ၏ စိုးရိမ်သောကက တလွဲအာရုံစိုက်သလိုဖြစ်ပြီး သင်ခန်းစာများ၊ ရုပ်ပုံဇယားများဖြင့် တင်ပြမှု၊ ဝေငှမည့်မှတ်စု စသည့်တို့ကို အလွန်အကျွံပြင်ဆင်မိတော့သည်။ သင်တန်းပေးရန် တစ်ပတ်အလိုရောက်သည့်တိုင် သင်တန်းလာတတ်ရန် လူများစွာကို ကျွန်မမတိုက်တွန်းခဲ့ပါ။

သို့သော် ထိုသင်တန်းသည် ဘုရားသခင်အပေါ် အလင်းထွန်းလင်းစေမည့် အစေခံမှုတစ်ခုဖြစ်ကြောင်း ဆုတောင်းရင်းမှ သတိပေးခံရသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အား ကောင်းကင်ဘုံရှင်အဘဘုရားထံပြညွှန်မည့်သင်တန်း အဖြစ် အသုံးပြုမည်ဖြစ်သောကြောင့် လူရှေ့စကားပြောရန် စိုးကြောက်သည့်စိတ် ကို ဘေးဖယ်ထားနိုင်ခဲ့တော့သည်။ သခင်ယေရှုသည် တောင်ပေါ်ဒေသနာတွင် တပည့်တော်များကို သွန်သင်ရာ၌ “သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထပ်၌တည်သောမြို့ကို မကွယ်နိုင်။ ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ၊ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှာ ဆီမီးခုံ ပေါ်မှာ…

ဆင်းရဲသူကို တို့ထိခြင်း

မာသာထရီဇာ နိုဘယ်ဆုကို ဆွတ်ခူးသောအခါ အံ့သြစရာမဟုတ်ခဲ့ပါ။ အများက မျှော်လင့်ထားသည့်အတိုင်း သူလုပ်ဆောင်ခဲ့ခြင်းအတွက် “ဆာလောင်သူ၊ အဝတ် မဲ့သူ၊ အိမ်ယာမဲ့၊ မျက်မမြင်၊ နူနာစွဲသူ၊ လူ့အသိုင်းအဝိုင်းမှ မည်သူမျှမလိုချင်သူ၊ မည်သူမျှမချစ်သူ၊ မည်သူမျှ ဂရုမပြုသူများ” စသည့်လူများပေးသည့်ဆုကို သူရရှိ ခဲ့သည်။ ထိုသူများမှာ သူ့ဘဝတစ်သက်တာလုံး သူစောင်မပြုစုခဲ့သူများဖြစ်သည်။

အရေးမပါဟု သဘောထားခံရသူများအား အခြေအနေပေါ်မူမတည်ဘဲ မည်သို့ ဂရုပြုရမည်၊ မည်သို့ချစ်ရမည်ကို သခင်ယေရှု စံနမူနာပြခဲ့သည်။ လူနာထက် ဉပုသ်နေ့နှင့်ဆိုင်သည့်ပညတ်ကို အလေးထားသည့် တရားဇရပ်မှခေါင်းဆောင်များကဲသို့မဟုတ်ဘဲ(လု ၁၃:၁၄)၊ ဗိမာန်တော်၌ လူမမာအမျိုးသမီးတစ်ဉီးကို သခင်ယေရှုတွေ့သောအခါ သနားကရုဏာသက်ခဲ့သည်။ ရုပ်ခန္ဓာချို့ယွင်းမှုကိုကျော်ပြီး ချည်နှောင်ခံနေရသည့် ဘုရားသခင်ဖန်ဆင်းထားသောလူသားဟုသူ မြင်သည်။ ထိုမိန်းမကို အထံတော်သို့ခေါ်လျက် အနာငြိမ်းစေခဲ့သည်။ “သူ့အပေါ်မှာလက်တော်ကိုတင်တော်မူသဖြင့် သူသည် ချက်ခြင်း တည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလေ၏”(:၁၃)။ ထိုမိန်းမကို တို့ထိခြင်း ကြောင့် တရားဇရပ်ရှိခေါင်းဆောင်များ စိတ်မသာယာဖြစ်ခဲ့သည်။ အကြောင်းမှာ…

ဘောင်အပြင်ဘက်မှ ကျေးဇူးတော်

ဘော့၏ကုမ္ပဏီအတွက် အကြံဉာဏ်ပေးသည့် ဉပဒေအဖွဲ့အစည်းတစ်ခုတွင် တွမ်အလုပ် လုပ်သည်။ သူတို့နှစ်ဉီးမိတ်ဆွေဖြစ်ခဲ့ကြပြီး နောက်ဆုံးတွင် တွမ်က ကုမ္ပဏီ၏ဒေါ်လာငွေ များစွာကို အလွဲသုံးစားလုပ်ခဲ့သည်။ အဖြစ်မှန်ကို ဘော့ သိရှိချိန်တွင် စိတ်မကောင်းဖြစ်လျက် ဒေါသဖြစ်ရသည်။ သို့နှင့် ခရစ်တော်၌ ယုံကြည်သူ သူ့ကုမ္ပဏီ၏ဒုဉက္ကဌထံမှ အမြော်အမြင် နှင့် ပြည့်စုံသည့်အကြံဉာဏ်ကို ရရှိခဲ့သည်။ ဒုဉက္ကဌက နောင်တနှင့်ရှက်ရွံ့မှုကို တွမ် နက်နက်နဲနဲ ခံစားနေရသည်ကို သတိပြုမိပြီး တရားစွဲဆိုမှုကို ရုတ်သိမ်းကာ သူ့ကို ငှားရမ်းရန် ဘော့ကို အကြံပေး ခဲ့သည်။ “နဂိုအတိုင်းဘဝပြန်စနိုင်အောင် သူ့ကို လစာ အသင့်အတင့်ပေးပြီးငှား လိုက်၊ ပိုပြီးကျေးဇူးသိတဲ့သူ၊ သစ္စာတည်တဲ့ဝန်ထမ်းတစ်ယောက်ကို မင်းရလိမ့် မယ်” ဟု ဆိုသည်။ ထိုအကြံကို ဘော့နာခံခဲ့ပြီး တွမ်လည်း သူပြောသည့်အတိုင်း ဖြစ်လာခဲ့သည်။

ရှောလုမင်း၏မြေး မေဖိဗောရှက်သည် မည်သည့်အမှားမျှ မပြုခဲ့ပါ။ သို့သော် ဒါဝိဒ် ဘုရင်ဖြစ်လာချိန်တွင်…

ဝမ်းနည်းကြေကွဲချိန်၌ ဘုရားသခင်ကို ကိုးစားခြင်း

ပါပါဂျွန် သည် သူ၌ ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေပြီဟု သိရချိန်တွင် သူနှင့် သူ့ဇနီး ကယ်ရယ်တို့သည် ၎င်းတို့၏ရောဂါဝေဒနာခရီးကို အွန်လိုင်း၌မျှဝေရန် ဘုရားသခင် စေခိုင်းသည်ဟု ခံစားရသည်။ သူတို့၏အားနည်းခြင်း၌ ဘုရားသခင် စောင်မမည်ဟု ယုံကြည်လျက် သူတို့၏ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းများကို အွန်လိုင်းတွင် ၂ နှစ်နီးပါး မျှဝေခဲ့သည်။

“ကျွန်မအမျိုးသားသည် ဆန့်တန်းကြိုနေသော သခင်ယေရှု၏လက်တော်သို့ ရောက်ရှိသွားပြီ” ဟု ကယ်ရယ်ရေးသားသောအခါ ရာနှင့်ချီသောလူများစွာက ကယ်ရယ်တို့၏ပွင့်လင်းမှုအတွက် ကျေးဇူးတင်ကြောင်း တုံ့ပြန်ကြသည်။ လူတစ်ဉီး က “သေခြင်းတရားကို ခရစ်ယာန်ရှုထောင့်မှ မြင်ရကြားရတာကောင်းပါတယ်။ တစ်နေ့ကျရင် တို့တွေအားလုံး သေရမှာပဲလေ”ဟု မှတ်ချက်ပေးခဲ့သည်။ အခြား အမျိုးသမီးတစ်ဉီးကလည်း “လူချင်းမတွေ့ဖူးပေမဲ့၊ ဘုရားသခင်ကိုကိုးစားခြင်း သက်သေအားဖြင့် ဘယ်လောက်တောင်မှ အားပေးမစမှုတွေရခဲ့သလဲဆိုတာ ပြောမပြတတ်တော့ပါဘူး” ဟု ဆိုပြန်သည်။

ရံဖန်ရံခါ ပါပါဂျွန်သည် မချိမဆန့် နာကျင်ခံစားရလည်း သူတို့သည် ဘုရားသခင် ၎င်းတို့ကို…

ဘုရားသခင်၏ကမ္ဘာကို ပြုစုပျိုးထောင်ခြင်း

“အဖေ၊ အဖေက ဘာလို့အလုပ်သွားရတာလဲ” ကျွန်ုပ်နှင့်အတူ ကစားလိုခြင်းကြောင့် သမီးငယ်ထံမှ ထိုမေးခွန်းထွက်လာသည်။ အလုပ်လစ်ပြီး သမီးနှင့် ကစားချင်ပါ သည်။ သို့သော် လုပ်ရမည့်အလုပ်များက တစ်သီတစ်တန်းကြီး ရှိနေပါသည်။ သို့သော် ထိုမေးခွန်းက မေးခွန်းကောင်းဖြစ်သည်။ ကျွန်ုပ်တို့ဘာကြောင့် အလုပ်လုပ်ရ သနည်း။ မိမိအတွက်နှင့်ချစ်ရသူများကို ထောက်ပံ့ဖြည့်ဆည်းပေးရန်ပင် မဟုတ်ပါ လား။ အဖိုးအခ/လုပ်ခမရသည့်အလုပ်များကိုရော အဘယ်ကြောင့် လုပ်ကြသနည်း။

ဘုရားသခင်သည် သူဖန်ဆင်းသည့် ပထမဆုံးသောလူသားအား “ဧဒင် ဉယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှာ” ထားတော်မူကြောင်း(:၁၅) ဖော်ပြထား ပါသည်။ ကျွန်ုပ်၏ ယောက္ခမသည် လယ်သမားတစ်ဉီးဖြစ်ပြီး သူသည် မြေယာနှင့် ကြက်ငှက်များကို ချစ်သည့်စိတ်ဖြင့် စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ခဲ့ကြောင်း မကြာမကြာပြောလေ့ရှိသည်။ လှပနှစ်သက်ဖွယ်သောစိတ်ထားဖြစ်ပါသည်။ သို့သော် ထိုသို့လယ်ယာကို ချစ်မြတ်နိုးစိတ် မရှိသူများဆိုလျှင် မည်သို့ ဖြစ်အံ့နည်း။ တွေးစရာမေးခွန်းဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သတ်သတ်မှတ်မှတ် နေရာတစ်နေရာတွင် တာဝန်တိတိကျကျပေးခြင်းက…