လ - ဇူလိုင် 2020

မီးပွားလေးမျှသာ

“ကျွန်မတို့အားလုံး စာကြည့်တိုက်ထဲရှိနေပြီး အပြင်ကမီးတောက်တွေကို မြင်နေရ တယ်။” သူကြောက်နေကြောင်း သူ့အသံမှတစ်ဆင့်ကြားရသည်။ ကျွန်တော်တို့ သူ့အသံကိုသိသည် - သမီး၏အသံဖြစ်သည်။ တစ်ချိန်တည်းတွင် ကောလိပ် ကျောင်းဝင်းကြီးက သူ့အတွက်အလုံခြုံဆုံးနေရာဖြစ်ပြီး ကျောင်းသူ ကျောင်းသား ၃၀၀၀ ခန့်လည်း သူနှင့်အတူရှိနေကြောင်း ကျွန်တော်တို့သိသည်။ ၂၀၁၈ ခုနှစ် ဝူးလ်စေး မီးလောင်မှုသည် မီးသတ်သမားများခန့်မှန်းမျှော်လင့်ထားသည်ထက် လျှင်မြန်စွာပျံ့နှံ့ခဲ့သည်။ ကယ်လီဖိုးနီးယားချိုင့်ဝှမ်းဒေသ၏စံချိန်တင်အပူချိန်၊ ခြောက်သွေ့မှု၊ နာမည်ကြီး စင်တာအယ်နာ လေရူးတို့ပေါင်းပြီး သေးငယ်သော မီးပွားများကို သယ်ဆောင်သွားကာ ဧကပေါင်း ၉၇၀၀၀ လောင်ကျွမ်းပြီး၊ အဆောက်အဦ ၁၆၀၀ ကျော်ပျက်စီးကာ လူသုံးဦး သေဆုံးခဲ့ရသည်။ မီးကို ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း ရိုက်ထားသောဓာတ်ပုံ၌ ပုံမှန်စိမ်းလန်း စိုပြည်ခဲ့သော ပင်လယ်ကမ်းရိုးတန်းမှာ လ၏မျက်နှာပြင်နှင့် ဆင်တူနေတော့သည်။

ရှင်ယာကုပ်သြဝါဒစာ၌ သေးငယ်သော်လည်းအစွမ်းထက်သည့် မြင်းဇက်ကြိုး နှင့် သင်္ဘောတက်မ (၃:၃-၄)တို့ကို စာရေးသူက ဥပမာပေးရေးသားထားသည်။ ၎င်းတို့ကို…

စကားပြောသောငှက်ပျောသီးများ

"ဘယ်တော့မှအရှုံးမပေးနဲ့။" "လူတစ်ဦးဦးကို ပြုံးအောင်လုပ်ပေးပါ။" "မင်းက အံ့ဖွယ်ပါ။" "မင်းဘယ်ကလာလဲ။ နောက်ခံက အရေးမကြီးဘူး။ မင်းဦးတည်သွားမဲ့ ပန်းတိုင်သာ အရေးကြီးတာ။" စသည့်အားပေးစကားများနှင့် အခြားစာသားများ ကို ဗာဂျီးနီးယားပြည်နယ်၊ ကမ်းခြေမြို့ရှိ ကျောင်းသားများ၏နေ့လည်စာ စားသောက်ခန်းမှငှက်ပျောသီးများပေါ် ရေးထားခြင်းဖြစ်သည်။ စားသောက်ခန်း မန်နေဂျာ စတေစီ ထရူးမန်းက အချိန်ယူပြီး စိတ်ခွန်အားပေးသည့်စာများကိုရေးထားခြင်းဖြစ်သည်။ ကလေးများက ၎င်းကို "စကားပြောသောငှက်ပျောသီးများ"ဟု အမည်ပေးထားသည်။

ဤဂရုစိုက်မှုက ရှေးခေတ်အန္တိအုတ်မြို့ရှိ “ဝိညာဉ်ကလေးများ”ကို စောင်မသည့် ဗာနဗ၏စိတ်ထားနှလုံးသားကို ပြန်လည်အမှတ်ရစေသည် (တ ၁၁:၂၂-၂၄)။ ဗာနဗသည် တစ်ပါးသူတို့ကို စိတ်ခွန်အားပေးနိုင်သည့်သူ့စွမ်းရည်ကြောင့် ထင်ရှားသူဖြစ်သည်။ သူ့အား သူတော်ကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝသူအဖြစ် လူတို့သိကြပြီး၊ သူက ယုံကြည်သူအသစ်များအား “ယုံကြည်သောစိတ်နှင့် သခင်ဘုရားကိုမှီဝဲဆည်းကပ်မည်အကြောင်း”(:၂၃) လှုံ့ဆော်အားပေးသည်။ သူမစလိုသူများနှင့်အချိန်ယူပြီး "ဆက်ပြီးဆုတောင်းပါ၊ ဘုရားကို ကိုးစားယုံကြည်ပါ၊ ဘဝမှာ ခက်ခဲတဲ့အခါ ဘုရားသခင်နဲ့နီးနီးကပ်ကပ်နေပါ" ဟူ၍…

မျက်နှာလိုက် ခွဲခြားခြင်း

ကျွန်မ၏ခဲအို ဂဲရစ် သည် မိုင် ၁၂၀၀ ဝေးသည့် ကော်လိုရာဒိုတောင်ပေါ်တွင် နေထိုင်သည်။ အနေဝေးသော်လည်း သူ၏ပျော်ပျော်နေတတ်ခြင်းနှင့် ကြင်နာသော စိတ်ထားလေးကြောင့် အားလုံးက ချစ်ရသောမိသားစုဝင်တစ်ဦး ဖြစ်သည်။ ကျွန်မမှတ်မိသလောက် ဂဲရစ်သည် သူ့မိခင်၏အသဲကျော်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး မောင်နှမများက မနာလို ဝန်တိုမှု မရှိဘဲ ကျီစယ်ကြသည်။ လွန်ခဲ့သည့်နှစ်များက “ကျွန်တော်ဟာ မေမေ့ အသဲကျော်” စာတန်းပါသည့် တီရှပ်ကိုပင် မောင်နှမများက သူ့ကိုလက်ဆောင်ပေးကြသည်။ မောင်နှမများ၏ပေါကြောင်ကြောင်လုပ်ရပ်ကြောင့် ကျွန်မတို့အားလုံးဝမ်းမြောက်သော်လည်း စင်စစ် မျက်နှာလိုက်ခြင်းက အပြောင်အပျက်ကိစ္စ မဟုတ်ပါ။

ကမ္ဘာဦးကျမ်း ၃၇ ၌ ယောသပ်သည် တစ်မူထူးသောသူ၏သားဖြစ်ကြောင်း အခြား သားများကိုပြရန် ယာကုပ်သည် အဆင်းအရောင်ထူးခြားသည့်အင်္ကျီကို ယောသပ်အားပေးသည့်အကြောင်း ကျွန်ုပ်တို့ဖတ်ရသည်(:၃)။ ပြောစရာပင် မလို၊ “ယောသပ်ဟာ ကျုပ်ရဲ့အသဲကျော်လေးပါ”ဟု အင်္ကျီက ဟစ်ကြွေးနေသည်။

မိသားစုအတွင်း မျက်နှာလိုက်ခြင်းက ကြီးမားစွာထိခိုက်ပျက်စီးစေနိုင်သည်။ ယာကုပ်၏မိခင် ရေဗက္ကသည် သားကြီးဧသောထက်…