“ကျွန်မတို့အားလုံး စာကြည့်တိုက်ထဲရှိနေပြီး အပြင်ကမီးတောက်တွေကို မြင်နေရ တယ်။” သူကြောက်နေကြောင်း သူ့အသံမှတစ်ဆင့်ကြားရသည်။ ကျွန်တော်တို့ သူ့အသံကိုသိသည် – သမီး၏အသံဖြစ်သည်။ တစ်ချိန်တည်းတွင် ကောလိပ် ကျောင်းဝင်းကြီးက သူ့အတွက်အလုံခြုံဆုံးနေရာဖြစ်ပြီး ကျောင်းသူ ကျောင်းသား ၃၀၀၀ ခန့်လည်း သူနှင့်အတူရှိနေကြောင်း ကျွန်တော်တို့သိသည်။ ၂၀၁၈ ခုနှစ် ဝူးလ်စေး မီးလောင်မှုသည် မီးသတ်သမားများခန့်မှန်းမျှော်လင့်ထားသည်ထက် လျှင်မြန်စွာပျံ့နှံ့ခဲ့သည်။ ကယ်လီဖိုးနီးယားချိုင့်ဝှမ်းဒေသ၏စံချိန်တင်အပူချိန်၊ ခြောက်သွေ့မှု၊ နာမည်ကြီး စင်တာအယ်နာ လေရူးတို့ပေါင်းပြီး သေးငယ်သော မီးပွားများကို သယ်ဆောင်သွားကာ ဧကပေါင်း ၉၇၀၀၀ လောင်ကျွမ်းပြီး၊ အဆောက်အဦ ၁၆၀၀ ကျော်ပျက်စီးကာ လူသုံးဦး သေဆုံးခဲ့ရသည်။ မီးကို ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း ရိုက်ထားသောဓာတ်ပုံ၌ ပုံမှန်စိမ်းလန်း စိုပြည်ခဲ့သော ပင်လယ်ကမ်းရိုးတန်းမှာ လ၏မျက်နှာပြင်နှင့် ဆင်တူနေတော့သည်။

ရှင်ယာကုပ်သြဝါဒစာ၌ သေးငယ်သော်လည်းအစွမ်းထက်သည့် မြင်းဇက်ကြိုး နှင့် သင်္ဘောတက်မ (၃:၃-၄)တို့ကို စာရေးသူက ဥပမာပေးရေးသားထားသည်။ ၎င်းတို့ကို ကျွန်ုပ်တို့သိသော်လည်း အလှမ်းဝေးသေးသည်။ နောက်ထပ် သူက ကျွန်ုပ်တို့နှင့်ပိုမိုနီးစပ်သည့် လူတိုင်း၌ရှိသည့် သေးငယ်သောလျှာကို ဖော်ပြသည်။ ဤကျမ်းချက်သည် အစပိုင်း၌ သွန်သင်သူဆရာများအား တိတိကျကျ ရည်ညွှန်သော်လည်း(:၁)၊ လက်တွေ့အသုံးချမှုပိုင်းတွင် ကျွန်ုပ်တို့အတွက်လည်း အကြုံးဝင် လာသည်။ လျှာသည် သေးငယ်သော်လည်း ဖျက်ဆီးနိုင်သည့်အစွမ်းရှိသည်။

ကျွန်ုပ်တို့၏လျှာလေးက အစွမ်းထက်သော်လည်း ကြီးမြတ်သော ကျွန်ုပ်တို့၏ ဘုရားသခင်က ပို၍တန်ခိုးအစွမ်းကြီးပါသည်။ နေ့ရက်စဥ်တိုင်းတွင် မိမိ၏ပြောစကားများကို ထိန်းချုပ်ပဲ့ပြင်နိုင်မည့်ခွန်အားကို ကိုယ်တော် မစထောက်ပံ့ပေးပါသည်။ JOHN BLASE