ရုပ်ရှင်ထုတ်လုပ်သူ ဝီလီအိုဗာစထရိ သည် တစိမ်းတရံများအား အားကောင်း သော အဝေးကြည့်မှန်ပြောင်းဖြင့် လပုံကိုပြသသောအခါ သူတို့သည် အနီးကပ်မြင် ရသော မြင်ကွင်းကြောင့် အံ့အားသင့်ကာ တီးတိုးအာမေဋိတ်သံများ ထွက်လာပါ သည်။ “ထိုအံ့မခန်းမြင်ကွင်းကိုမြင်ရတဲ့အခါ ကိုယ့်ထက်ပိုကြီးတဲ့အရာရှိတယ်ဆိုတဲ့အံ့သြမှုကြီးက ကိုယ့်ကိုလွှမ်းမိုးသွားတယ်” ဟု အိုဗာစထရိ က ရှင်းပြခဲ့သည်။

ဆာလံဆရာဒါဝိဒ်လည်း ဘုရားရှင်၏ ကောင်းကင်မှအလင်းတန်းကိုကြည့်ပြီး အံ့သြခံစားခဲ့ရသည်။ “လက်ညိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏ မိုးကောင်းကင်…၊ ပြင်ဆင်တော်မူသော လနှင့်ကြယ်များကိုလည်းကောင်း၊ အကျွန်ုပ်ဆင်ခြင်သော် လူသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှု ကြွလာတော်မူသနည်း” (ဆာ ၈:၃-၄)။

နှိမ့်ချခြင်းအပြည့်နှင့်မေးသော ဒါဝိဒ်၏မေးခွန်းက ကျွန်ုပ်တို့၏အံ့အားသင့်မှု အတွက် မှန်သောအမြင်ရှုထောင့်ကိုပေးသည်။ ဘုရားရှင်သည် ကောင်းကင်သစ် နှင့် မြေကြီးသစ်ကို ဖန်ဆင်းပြီးသောအခါ နေနှင့်လကို ကျွန်ုပ်တို့ မလိုအပ်တော့ ကြောင်း အတွေးကိုပေးပါသည်။ သည့်အစား ရှင်ယောဟန်က ဘုရားရှင်၏ ဘုန်းတော်သည် လိုအပ်သောအလင်းကိုပေးမည် ဟုဆိုသည်။ “ထိုမြို့သည် နေ၏အရောင်၊ လ၏အရောင်ကိုအလိုမရှိ၊ အကြောင်းမူကား ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကိုလင်းစေ၏။ သိုးသူငယ်သည်လည်း ထိုမြို့၏ဆီမီး ဖြစ်၏။… ညဉ့်မူကား မရှိ” (ဗျာ ၂၁:၂၃-၂၅)။

မည်မျှအံ့သြဖွယ်ကောင်းလိုက်သနည်း။ ယခုတွင်ပင် ဘုရားရှင်၏ ကောင်းကင်အလင်းကိုခံစားနိုင်ပါသည်။ လောက၏အလင်းဖြစ်သော ခရစ်တော်ကို ရှာရုံဖြင့် ခံစားသိရှိနိုင်ပါသည်။ အိုဗာစထရိ ၏အမြင်အရ ကျွန်ုပ်တို့သည် အပေါ်သို့ မကြာမကြာမော့ကြည့်ရန်လိုအပ်သည်။ ထိုသို့ ကြည့်ပြီး ဘုရားသခင်ကိုမြင်တွေ့နိုင်စေသား။ PATRICIA RAYBON