သူငယ်လေးတစ်ဉီးသည် ကျောင်း၌ စိန်ခေါ်မှုအချို့ကို ရင်ဆိုင်ရပြီးနောက် သူ့အဖေက မနက်တိုင်းကျောင်းမသွားမီ ရွတ်ဆိုရမည့် သစ္စာအဓိဌာန်တစ်ပုဒ်ကို သင်ပေးသည်။ “ယနေ့မနက် နိုးထခွင့်ပေးသည့်အတွက် ဘုရားသခင်ကိုကျေးဇူး တင်ပါ၏။ ယခု ကျောင်းသွားကာ စာသင်ပါမည်။ …ကိုယ်တော်ဖန်ဆင်း၍ဖြစ်စေ လိုသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပါမည်။” ထိုသစ္စာအဓိဌာန်သည် ဖခင်တစ်ဉီးက သားဖြစ်သူအား သူ့အသက်တာတွင် လက်တွေ့လိုက်လျှောက်နိုင်ရန်နှင့် ဘဝတွင်သွေဖယ်မရသော စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းရန်ရာ၌ အသုံးချနိုင်အောင် ကူညီပေးခြင်းဖြစ်သည်။

ထိုနည်းအားဖြင့် သား၏မှတ်ဉာဏ်ထဲစွဲပြီး ထိုအဓိဌာန်အတိုင်း လိုက်လျှောက် နိုင်အောင် ဖခင်က စောင်မသည်။ ၎င်းသည် သဲကန္တာရထဲတွင် ဣသရေလလူမျိုး များအား ဘုရားရှင် မိန့်မှာသည့် “ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်(တရား ၆:၆-၇) ဟူသည့်ပညတ်ကို နာခံလုပ်ဆောင်ခြင်းပင်ဖြစ်သည်။

သဲကန္တာရတွင် အနှစ် ၄၀ကျင်လည်ရပြီးနောက် ဣသရေလ၏နောက်မျိုးဆက် တစ်ဆက်သည် ကတိတော်ပြည်သို့ဝင်ရောက်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။ သူတို့သည် ဘုရားရှင်ကို ဗဟိုမပြုပါက အောင်မြင်မှုရရှိရန် မလွယ်ကူကြောင်းကို ဘုရားရှင်သိပါသည်။ ထို့ကြောင့် မောရှေအားဖြင့် သူ့ကိုသတိရရန်နှင့် နာခံမှုရှိရန်၊ သားသမီးများ ထာဝရဘုရားကို သိကျွမ်းပြီး ချစ်ရန် ၎င်းတို့အား “အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်ထလျက်ရှိသည်ဖြစ်စေ” (:၇)နှုတ်ကပတ်တော်ကို ပြောပြရန် တိုက်တွန်းသည်။

နေ့သစ်တိုင်းတွင် ဘုရားရှင်အပေါ် ကျေးဇူးသိသောစိတ်ဖြင့် အသက်ရှင် လျက် မိမိ၏အသိနှင့်စိတ်နှလုံးကို လမ်းပြပို့ဆောင်ရန် နှုတ်ကပတ်တော်ကို အခွင့်ပေးပါမည်ဟု ကျွန်ုပ်တို့လည်း သံန္နိဌာန်ချနိုင်ပါသည်။ ALYSON KIEDA