ဘုရားကျောင်းကို စိတ်ပျက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည့် ၁၇နှစ်သား ထြာဗို သည် ၁နှစ်ကြာမျှ အဖြေရှာခဲ့သည်။ သို့သော် သူ့မေးခွန်းအတွက် သူမျှော်လင့် တောင့်တသောအဖြေကို မည်သည့်အရာကမှ မပေးနိုင်ခဲ့ပါ။

ထိုသို့အဖြေရှာသည့်ကာလက သူ့အား သူမိဘများနှင့်ပိုပြီး ရင်းနှီးစေခဲ့သည်။ သို့တိုင် ခရစ်ယာန်တရားတော်နှင့်ပတ်သက်ပြီး ပြဿနာများရှိနေသေးသည်။ တစ်ကြိမ်တွင် မိဘများနှင့် ဆွေးနွေးရင်း ခါးသီးစွာဖြင့် “ကျမ်းစာထဲက ကတိတော်တွေ က အလကားပဲ။ ကျမ်းစာက ဒီကတိတော်တွေနဲ့ပဲ ပြည့်နေတာ”ဟု ပြောပါသည်။

အခြားလူတစ်ဦးသည်လည်း သူကြုံရသည့် စိတ်အနှောင့်အယှက်နှင့် အခက် အခဲများက သူ၏သံသယကို မီးထိုးပေးသည်။ သို့သော် သူ့ကိုသတ်မည့် ရန်သူများ လက်မှ ထွက်ပြေးနေရချိန်တွင် သူ့တုံ့ပြန်မှုက ဘုရားရှင်ကိုကျောခိုင်း ထွက်ပြေးရန် မဟုတ်ဘဲ ကိုယ်တော်အားချီးမွမ်းရန်ဖြစ်သည်။ “စစ်ချီ၍လာကြသော်လည်း ထိုအမှု တွင်ပင် တည်ကြည်သောစိတ်ရှိလိမ့်မည်” (ဆာလံ ၂၇:၃) ဟု ဒါဝိဒ်စပ်ဆိုခဲ့သည်။

ဒါဝိဒ်ရေးစပ်သောဆာလံတွင် သံသယများရှိနေသေးကြောင်း ခန့်မှန်းသိရှိ နိုင်ပါသည်။ “အိုထာဝရဘုရား၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော် မူပါ”(:၇)ဟု သူ့ခေါ်သံက စိတ်၌ ကြောက်ရွံ့မှုနှင့် မေးခွန်းများရှိနေသူ၏အသံနှင့်တူ နေသည်။ “အကျွန်ုပ်ကို မျက်နှာတော်လွှဲတော်မမူပါနှင့်။ ကိုယ်တော်၏ကျွန်ကို ပယ် တော် မမူပါနှင့်။ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်”(:၉)ဟု တောင်းလျှောက်ခဲ့သည်။

သို့သော် ဒါဝိဒ်သည် သူ့အားချိနဲ့သွားစေမည့် သူ့သံသယကို အခွင့်မပေးခဲ့ပါ။ ထိုသံသယထဲ၌ပင် “အကယ်စင်စစ် အသက်ရှင်သောသူတို့၏နေရာတွင် ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်မည်ဟု (သူ)ယုံမှတ်စွဲလမ်းခြင်းရှိ၏ (:၁၃)။ ထိုနောက် စာဖတ်သူ သင်နှင့်ကျွန်ုပ်အား – ကမ္ဘာပေါ်ရှိ ထြာဗိုများအား “ထာဝရဘုရားကို မျှော်လင့်လော့။ အားယူ၍ ရဲရင့်သောစိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မျှော်လင့်လျက် နေလော့” (:၁၄) ဟုမိန့်တော်မူသည်။

ကျွန်ုပ်တို့၏ကြီးမားသောမေးခွန်းများအတွက်အဖြေကို လွယ်လွယ်နှင့် မြန်မြန် ရှာတွေ့နိုင်မည်မဟုတ်ပါ။ သို့သော် ယုံကြည်စိတ်ချရသောဘုရားသခင်ကို မျှော်လင့် စောင့်စားလျှင် အဖြေကိုရှာတွေ့လိမ့်မည်။ TIM GUSTAFSON