“ခုတင်ထက်မှာ သက်တမ်းရင့် အရက်တစ်ပုလင်းနဲ့၊ စိတ်ဓာတ်ကျမျှော်လင့်ချက်မဲ့ မှု​တွေနဲ့ လဲလျောင်းနေတယ်။ ဒီစကြဝဠာထဲမှာတော့ တစ်ယောက်တည်း အထီးကျန် လို့၊ ထာဝရကာလမှာတော့ အလင်းမြူမှုန်တစ်မှုန်တောင်မရှိတဲ့ဘဝ” ဟု ဂျာနယ်လစ် သတင်းထောက် မဲလ်ကမ်း မတ်ဂရစ်(ချ်)သည် ဒုတိယကမ္ဘာစစ်အတွင်း သူလျှိုအဖြစ် သူလုပ်ကိုင်စဥ် ရေးသားခဲ့သည့်စာဖြစ်သည်။

ထိုသို့သောအခြေအနေတွင် သူမှန်သည်ဟု သူထင်သည့်အရာကို သူလုပ်ခဲ့ သည်။ သူ့ကိုယ်သူ ရေနှစ်သတ်သေရန်ဖြစ်သည်။ မက်ဒါဂတ်စကာကမ်းခြေသို့ ကားမောင်းလာပြီးပင်လယ်ထဲသို့ မမောမချင်းကူးခတ်ခဲ့သည်။ ထိုနောက် နောက်ပြန် လှည့်ကြည့်မိရာ ခပ်လှမ်းလှမ်းမှ မီးရောင်တစ်ခုကို မြင်သည်။ ထိုအခါ ဘာကြောင့်မှန်း မသိ ထိုအလင်းရောင်ရှိရာနေရာသို့ ပြန်လည်ကူးခတ်လာခဲ့သည်။ မောပန်းနေရမည့်အစား စိတ်နှလုံး၌ “အံ့မခန်းဝမ်းမြောက်မှုခံစားရသည်” ဟု သူပြန်ပြောင်းပြောသည်။

မည်သို့မည်ပုံဖြစ်သွားသည်ကို မတ်ဂရစ်(ချ်) တစ်ယောက် မသိပါ။ သို့သော် ဘုရားသခင်သည် သူ့ကို ထိုအမှောင်မိုက်မှဆွဲခေါ်ကာ မျှော်လင့်ခြင်းကို ပေးခြင်းက သဘာဝလွန်သာဖြစ်ကြောင်း မတ်ဂရစ်(ချ်) သိသည်။ ထိုသို့သောမျှော်လင့်ခြင်း အကြောင်းကို ရှင်ပေါလု ထပ်ခါတလဲလဲ ရေးခဲ့သည်။ ဧဖက်သြဝါဒစာ ၂:၁၊ ၁၂ တွင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် မသိကျွမ်းမီတွင် “ဒုစရိုက်အပြစ်၌ သေလျက်ရှိပြီး … မျှော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့နေကြသည်”ဟု ဖော်ပြထားသည်။ သို့သော် ကရုဏာတော်နှင့်ကြွယ်ဝတော်မူသော ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေသည် (:၄-၅)။

ဤကမ္ဘာကြီးသည် ကျွန်ုပ်တို့စုံးစုံးမြှုပ်အောင် ရေနက်ပိုင်းသို့ ဆွဲခေါ်ရန်ကြိုးစား နေသည်။ သို့သော် စိတ်ဓာတ်ကျဝမ်းနည်းလျက် မျှော်လင့်ချက်မဲ့ရန် မလိုပါ။ မတ်ဂရစ်(ချ်)သည် မိမိကိုယ်ကိုသတ်သေရန် ပင်လယ်ထဲကူးခတ်ခဲ့ခြင်းအကြောင်း ကို ပြောရင်း “အမှောင်ဆိုတာမရှိဘူး။ ထာဝရလင်းလက်နေတဲ့အလင်းကို မျက်ခြေပြတ်သွားနိုင်တာကိုပဲ သတိပြုဖို့လို​တယ်ဆိုတာ ကျွန်တော်ရှင်းရှင်း သိမြင်ခဲ့ပြီ” ဟုပြောခဲ့ သည်။ TIM GUSTAFSON