ဂရက်ဒီနှင့် စကားပြောပြီးသွားသောအခါ ဂရက်ဒီသည် အဘယ်ကြောင့် လက်ဆွဲ နှုတ်ဆက်ခြင်းထက် လက်သီးတိုက်ကာနှုတ်ဆက်ရခြင်းကို ပိုကြိုက်သနည်းဟု ကျွန်ုပ် တွေးမိသည်။ လက်ဆွဲနှုတ်ဆက်ခြင်းသည် ဂရက်ဒီ သူ့ကိုယ်သူထိခိုက်အောင် လုပ်ခဲ့စဉ်က ကျန်ခဲ့သောလက်ကောက်ဝတ်မှအမာရွတ်ပေါ်သွားမည်ကိုစိုးသောကြောင့်ဟု ယူဆမိသည်။ (သူတစ်ပါးကြောင့်ရသည်ဖြစ်စေ၊ မိမိကြောင့်ရသည် ဖြစ်စေ) အပြင်ပိုင်းဒဏ်ရာသာမက စိတ်ဒဏ်ရာအပါအဝင် ဒဏ်ရာအနာတရများကို အများမမြင်အောင် ကျွန်ုပ်တို့ဖံုးကွယ်တတ်ကြသည်။

ဂရက်ဒီနှင့်ကျွန်တော် စကားပြောအပြီးတွင် ခြေနှင့်လက်ဖဝါးပေါ်တွင် သံမှိုရိုက်ခံရသောဒဏ်ချက်၊ နံဘေးတွင် လှံထိုးခံရသောဒဏ်ချက်စသည့် ခရစ်တော်၏ဒဏ်ချက်တော် အကြောင်းကို ကျွန်တော်တွေးမိသည်။ ခရစ်တော် သည် သူ့အမာရွတ်များကို ဖံုးကွယ် မည့်အစား တပည့်တော်များအား ပြသခဲ့သည်။

ခရစ်တော်သေခြင်းမှရှင်ပြန်ထမြောက်လာသည်ကို သောမ ယံုမှားသံသယ ဖြစ်သောအခါ ခရစ်တော်က “သင်၏လက်ညိုးကိုဆန့်၍ ငါ့ကို ကြည့်လော့။ သင်၏ လက်ကို ဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယံုမှားခြင်းမရှိနှင့်။ ယံုလော့” (ယော ၂၀: ၂၇) ဟု ပြောခဲ့သည်။ သောမသည် ကိုယ်တိုင်ကိုယ်ကျ ဒဏ်ချက်တော်များကိုမြင် ပြီး၊ စကားတော်ကိုကြားပြီးမှ ‌ယေရှုအမှန်ပင်ဖြစ်ကြောင်း ယံုခဲ့သည်။ ထိုအခါမှ ယုံကြည်ခြင်းဖြင့် “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်ပါတကားဟု ပြန်၍ လျှောက်သည်”(:၂၈)။ “ယေရှုကလည်း သင်သည် ငါ့ကိုမြင်သောကြောင့် ယံုခြင်း ရှိ၏။ ငါ့ကိုမမြင်ဘဲယံုသောသူတို့သည် မင်္ဂလာရှိ ကြဟု မိန့်တော်မူသည်” (:၂၉)။

ဝမ်းမြောက်စရာအကောင်းဆံုးသတင်းကောင်းမှာ ခရစ်တော်၏ဒဏ်ချက် တော် သည် ကျွန်ုပ်တို့၏အပြစ်၊ သူတစ်ပါးအပေါ် ကျွန်ုပ်တို့ ပြစ်မှားသောအပြစ်နှင့် မိမိကိုယ်ကို ပြစ်မှားသောအပြစ်များအတွက် သခင်၏ပေးဆပ်မှုဖြစ်သည်။ ယေရှုခရစ်တော်၏အသေခံခြင်းသည် သူ့ကိုယံုကြည်ပြီး သောမနှင့်အတူ “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကား”ဟု ဝန်ခံသူအားလံုး၏ အပြစ်အလုံးစံုကို ခွင့်လွှတ်ရန်အတွက် ဖြစ်သည်။ ARTHUR JACKSON