၂၀၁၉ ခုနှစ်တွင် လီယိုနာဒို ဒါဗင်ချီ ကွယ်လွန်သည့် နှစ် ၅၀၀ ပြည့် အထိမ်းအမှတ် အနုပညာပြပွဲကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပကြသည်။ များစွာသော သူရေးဆွဲသည့် ပုံများနှင့် သိပ္ပံနည်းကျရှာဖွေတွေ့ရှိမှုများကို မှန်လုံခန်း၌ ခင်းကျင်းပြသထား သော်လည်း ဗင်ချီရေးဆွဲသည့် “နောက်ဆုံးညစာ” ပန်းချီကား အပါအ၀င် သူ့လက်ရာ ပန်းချီကား ၅ ချပ်သာ စကြဝဠာတစ်ခုလုံး၌ အသိအမှတ်ပြုခံရသည်။

“နောက်ဆုံးညစာ” ပန်းချီကားမှာ ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှ သခင်ယေရှု နှင့် တပည့်တော်တို့၏နောက်ဆုံးညစာကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ “သင်တို့ တွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်”(ယော ၁၃:၂၁) ဟူသည့် သခင်၏စကားကို တပည့်တော်တို့ နားမလည်ဘဲ ရှုပ်ထွေးခံစားနေရမှုကို အမိအရ ဖော်ကျူးထားသည်။ သစ္စာဖောက်မည်သူဖြစ်သနည်းဟု ဇဝေဇဝါနှင့် တပည့်တော် တို့ မေးမြန်းကြစဉ် ယုဒသည် အမှောင်သို့အသာထွက်သွားပြီး သူ့ဆရာသခင်နှင့် မိတ်ဆွေတို့ရှိနေမည့်နေရာကို အခွင့်အာဏာရှိသူတို့ထံ သတင်းပေးခဲ့သည်။

သစ္စာဖောက်ခံရပါသည်။ ယုဒ၏သစ္စာဖောက်မှုအတွက် နာကျင်ခံစားရမှုကို သခင်ယေရှုမိန့်တော်မူသည့်စကား၌ တွေ့ရသည်။ “ငါနှင့်အတူစားသောသူသည် ငါ့ကို ခြေနှင့် ကျောက်သတည်း” (:၁၈)။ စားစရာတစ်ပန်းကန်တည်း အတူစားသည် အထိ ရင်းနှီးကျွမ်းဝင်သည့် မိတ်ဆွေက ထိုကဲ့သို့ သခင်ယေရှုကို ပြုခဲ့သည်။

မိတ်ဆွေ၏သစ္စာဖောက်မှုကို ကျွန်ုပ်တို့အသီးသီး ခံစားကောင်း ခံစားရဖူးမည်။ ထိုနာကျင်မှုအတွက် ကျွန်ုပ်တို့ မည်သို့တုံ့ပြန်နိုင်သနည်း။ သူ့အပေါ်သစ္စာဖောက်သူ အား ဆာလံ ၄၁:၉ ကျမ်းချက်ကိုညွှန်းပြီး အတူစားသောက်သည့်ပွဲ၌ သခင်၏ မိန့်ကြားစကားက မျှော်လင့်ခြင်းကို ပေးနေသည်(ယော ၁၃:၁၈)။ ရင်းနှီးသော မိတ်ဆွေ၏လှည့်စားမှုကြောင့် ဒါဝိဒ်ဒေါသထွက်ခဲ့ပြီးနောက်၊ ဘုရားသခင်၏ ရှေ့တော်တွင် သူ့ကိုချီပင့်လျက် ထာဝရတည်စေသည့် ကိုယ်တော်၏မေတ္တာနှင့် မျက်မှောက်တော် တွင် နှစ်သိမ့်သက်သာမှုကိုခံယူခဲ့သည် (ဆာ ၄၁:၁၁-၁၂)။

မိတ်ဆွေများကြောင့် စိတ်ပျက်ရလျှင် ထောက်ပင့်သောဘုရား၏မေတ္တာတော် နှင့်ခွန်အားပေးသနားသည့် မျက်မှောက်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိပြီး နာကျင် ခံစားရသောအမှုအရေးကို ခံရပ်နိုင်အောင် စောင်မလိမ့်မည်။ LISA M.SAMRA