“အဖေ၊ အဖေက ဘာလို့အလုပ်သွားရတာလဲ” ကျွန်ုပ်နှင့်အတူ ကစားလိုခြင်းကြောင့် သမီးငယ်ထံမှ ထိုမေးခွန်းထွက်လာသည်။ အလုပ်လစ်ပြီး သမီးနှင့် ကစားချင်ပါ သည်။ သို့သော် လုပ်ရမည့်အလုပ်များက တစ်သီတစ်တန်းကြီး ရှိနေပါသည်။ သို့သော် ထိုမေးခွန်းက မေးခွန်းကောင်းဖြစ်သည်။ ကျွန်ုပ်တို့ဘာကြောင့် အလုပ်လုပ်ရ သနည်း။ မိမိအတွက်နှင့်ချစ်ရသူများကို ထောက်ပံ့ဖြည့်ဆည်းပေးရန်ပင် မဟုတ်ပါ လား။ အဖိုးအခ/လုပ်ခမရသည့်အလုပ်များကိုရော အဘယ်ကြောင့် လုပ်ကြသနည်း။

ဘုရားသခင်သည် သူဖန်ဆင်းသည့် ပထမဆုံးသောလူသားအား “ဧဒင် ဉယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှာ” ထားတော်မူကြောင်း(:၁၅) ဖော်ပြထား ပါသည်။ ကျွန်ုပ်၏ ယောက္ခမသည် လယ်သမားတစ်ဉီးဖြစ်ပြီး သူသည် မြေယာနှင့် ကြက်ငှက်များကို ချစ်သည့်စိတ်ဖြင့် စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ခဲ့ကြောင်း မကြာမကြာပြောလေ့ရှိသည်။ လှပနှစ်သက်ဖွယ်သောစိတ်ထားဖြစ်ပါသည်။ သို့သော် ထိုသို့လယ်ယာကို ချစ်မြတ်နိုးစိတ် မရှိသူများဆိုလျှင် မည်သို့ ဖြစ်အံ့နည်း။ တွေးစရာမေးခွန်းဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သတ်သတ်မှတ်မှတ် နေရာတစ်နေရာတွင် တာဝန်တိတိကျကျပေးခြင်းက အဘယ်ကြောင့်နည်း။

ကမ္ဘာဉီးကျမ်းအခန်းကြီး ၁ တွင် အဖြေရှိပါသည်။ ကိုယ်တော်ဖန်ဆင်းသည့် ကမ္ဘာကို စောင့်ထိန်းရန် ကျွန်ုပ်တို့ကို ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသည်။ အခြားတစ်ပါးသောဘုရားအကြောင်း ဇာတ်လမ်းများတွင် “တန်ခိုးရှင်”များက လူကို ၎င်းတို့၏ကျွန်အဖြစ် ဖန်ဆင်းထားကြောင်း တွေ့ရသည်။ ကမ္ဘာဉီးကျမ်းတွင်မူ မှန်သော တစ်ဆူတည်းသော ဘုရားသခင်သည် သူဖန်ဆင်း သမျှကို သူ့ကိုယ်စားစောင့်ထိန်းရန် လူကို သူ၏ကိုယ်စားလှယ်အဖြစ် ဖန်ဆင်းထား ကြောင်း အတိအလင်းကြေညာသည် (:၂၆)။ ကမ္ဘာကြီးအတွက် ကိုယ်တော်၏ အမြော်အမြင်နှင့်ပြည့်စုံသော၊ ချစ်ခြင်းနှင့်ပြည့်ဝသော အစီအစဉ်များကို ဆင်ခြင် နိုင်ကြစေသား။ အလုပ်ဟူသည်မှာ ဘုန်းတော်ထင်ရှားရန်အလိုငှာ ဘုရားဖန်ဆင်း သောကမ္ဘာကို ပြုစုပျိုးထောင်ရန် စေစားချက်ပင်ဖြစ်သည်။ GLENN PACKIAM