ပါပါဂျွန် သည် သူ၌ ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေပြီဟု သိရချိန်တွင် သူနှင့် သူ့ဇနီး ကယ်ရယ်တို့သည် ၎င်းတို့၏ရောဂါဝေဒနာခရီးကို အွန်လိုင်း၌မျှဝေရန် ဘုရားသခင် စေခိုင်းသည်ဟု ခံစားရသည်။ သူတို့၏အားနည်းခြင်း၌ ဘုရားသခင် စောင်မမည်ဟု ယုံကြည်လျက် သူတို့၏ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းများကို အွန်လိုင်းတွင် ၂ နှစ်နီးပါး မျှဝေခဲ့သည်။

“ကျွန်မအမျိုးသားသည် ဆန့်တန်းကြိုနေသော သခင်ယေရှု၏လက်တော်သို့ ရောက်ရှိသွားပြီ” ဟု ကယ်ရယ်ရေးသားသောအခါ ရာနှင့်ချီသောလူများစွာက ကယ်ရယ်တို့၏ပွင့်လင်းမှုအတွက် ကျေးဇူးတင်ကြောင်း တုံ့ပြန်ကြသည်။ လူတစ်ဉီး က “သေခြင်းတရားကို ခရစ်ယာန်ရှုထောင့်မှ မြင်ရကြားရတာကောင်းပါတယ်။ တစ်နေ့ကျရင် တို့တွေအားလုံး သေရမှာပဲလေ”ဟု မှတ်ချက်ပေးခဲ့သည်။ အခြား အမျိုးသမီးတစ်ဉီးကလည်း “လူချင်းမတွေ့ဖူးပေမဲ့၊ ဘုရားသခင်ကိုကိုးစားခြင်း သက်သေအားဖြင့် ဘယ်လောက်တောင်မှ အားပေးမစမှုတွေရခဲ့သလဲဆိုတာ ပြောမပြတတ်တော့ပါဘူး” ဟု ဆိုပြန်သည်။

ရံဖန်ရံခါ ပါပါဂျွန်သည် မချိမဆန့် နာကျင်ခံစားရလည်း သူတို့သည် ဘုရားသခင် ၎င်းတို့ကို မည်မျှထောက်ပင့်စောင်မကြောင်း သူတို့၏အကြောင်းကို ဝေမျှကြသည်။ သူတို့၏သက်သေခံချက်သည် ဘုရားသခင်အတွက် အကျိုးဖြစ် မည်ကို သူတို့သိသည်။ သူတို့၏သက်သေက ဝေဒနာခံရချိန်၌ တိမောသေထံ စာရေးပေးပို့သည့် ရှင်ပေါလု၏စကားကို ထင်ဟပ်ပြနေသည်။ “အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌အပ်ထားသောအရာကိုလည်း ထိုနေ့ရက် တိုင်အောင် စောင့်နိုင်တော်မူသည်ဟု ငါသဘောကျ၏”(၂ တိ ၁:၁၂)။

သခင်ယေရှုခရစ်တော်အားဖြင့် ခံရသည့် ကျေးဇူးတော်အားဖြင့်(:၉) ဘုရားရှင်၌ ကျွန်ုပ်တို့နှင့်(အခြားသူတို့၏)ယုံကြည်ခြင်းကို ခိုင်ခံ့စေရန်၊ ဘုရားရှင် သည် မိမိချစ်ရသူတစ်ဉီး၏သေခြင်းကိုပင် အသုံးပြုနိုင်ပါသည်။ နာကျင်ဝေဒနာ နှင့် ဒုက္ခအခက်အခဲကို သင်ရင်ဆိုင်ခံစားနေပါက ဘုရားရှင်သည် နှစ်သိမ့် သက်သာခြင်းနှင့် ငြိမ်သက်ခြင်းကို ဆောင်ယူပေးနိုင်ကြောင်း သိမှတ်ပါလေ။ AMY BOUCHER PYE