ဘော့၏ကုမ္ပဏီအတွက် အကြံဉာဏ်ပေးသည့် ဉပဒေအဖွဲ့အစည်းတစ်ခုတွင် တွမ်အလုပ် လုပ်သည်။ သူတို့နှစ်ဉီးမိတ်ဆွေဖြစ်ခဲ့ကြပြီး နောက်ဆုံးတွင် တွမ်က ကုမ္ပဏီ၏ဒေါ်လာငွေ များစွာကို အလွဲသုံးစားလုပ်ခဲ့သည်။ အဖြစ်မှန်ကို ဘော့ သိရှိချိန်တွင် စိတ်မကောင်းဖြစ်လျက် ဒေါသဖြစ်ရသည်။ သို့နှင့် ခရစ်တော်၌ ယုံကြည်သူ သူ့ကုမ္ပဏီ၏ဒုဉက္ကဌထံမှ အမြော်အမြင် နှင့် ပြည့်စုံသည့်အကြံဉာဏ်ကို ရရှိခဲ့သည်။ ဒုဉက္ကဌက နောင်တနှင့်ရှက်ရွံ့မှုကို တွမ် နက်နက်နဲနဲ ခံစားနေရသည်ကို သတိပြုမိပြီး တရားစွဲဆိုမှုကို ရုတ်သိမ်းကာ သူ့ကို ငှားရမ်းရန် ဘော့ကို အကြံပေး ခဲ့သည်။ “နဂိုအတိုင်းဘဝပြန်စနိုင်အောင် သူ့ကို လစာ အသင့်အတင့်ပေးပြီးငှား လိုက်၊ ပိုပြီးကျေးဇူးသိတဲ့သူ၊ သစ္စာတည်တဲ့ဝန်ထမ်းတစ်ယောက်ကို မင်းရလိမ့် မယ်” ဟု ဆိုသည်။ ထိုအကြံကို ဘော့နာခံခဲ့ပြီး တွမ်လည်း သူပြောသည့်အတိုင်း ဖြစ်လာခဲ့သည်။

ရှောလုမင်း၏မြေး မေဖိဗောရှက်သည် မည်သည့်အမှားမျှ မပြုခဲ့ပါ။ သို့သော် ဒါဝိဒ် ဘုရင်ဖြစ်လာချိန်တွင် သူသည် အခက်ခဲဆုံးသော အကျဉ်းအကြပ်ထဲ ရောက်ခဲ့ရသည်။ ဘုရင်အများစုသည် ရန်ဘက်တော်ဝင်မျိုးဆက်ကို သုတ်သင်ကြ သည်။ သို့သော် ဒါဝိဒ်က ရှောလုမင်း၏သား ယောနသန်ကိုချစ်သောကြောင့် အသက်ရှင်ကျန်ရစ်သည့် ယောနသန် ၏သားကို သူ့သားတော်ကဲ့သို့ပင် ဆက်ဆံခဲ့ သည်(၂ရာ ၉:၁-၁၃)။ သူ၏ကျေးဇူးပြုမှုက မိတ်ဆွေတစ်ဉီးကို ထာဝရအပိုင်ရရှိ စေခဲ့သည်။ မင်းရှေ့၌ သူသည် လူသေဖြစ်သော်လည်း “…ကိုယ်တော်ကျွန်ကို နေရာ ပေးတော်မူပြီ” ဟု (၁၉:၂၈) ဟု မေဖိဗောရှက် အံ့သြခဲ့ရသည်။ သားတော် အဗရှလုံကြောင့် ဒါဝိဒ်မင်း ယေရုရှလင်မြို့မှပြေးရသည့်ကာလများတွင်ပင် မေဖိဗောရှက်သည် ဒါဝိဒ်အပေါ် သစ္စာစောင့်သိခဲ့သည် (၁၆:၁-၄၊ ၁၉:၂၄-၃၀)။

တစ်သက်စာ မိတ်ဆွေကောင်းကို သင်လိုအပ်ပါသလား။ သာမန်မဟုတ်သည့် မိတ်ဆွေရရန် တစ်မူထူးခြားစွာ သင်ပြုမူရန် လိုအပ်ကောင်းလိုအပ်မည်။ အပြစ်ပေး လိုက်ဟု အသိတရားက ပြောလာလျှင် ကျေးဇူးပြုရန် ရွေးချယ်လိုက်ပါ။ တာဝန်ယူ ရမည့်ကိစ္စအတွက် တာဝန်ယူစေပါ။ သို့သော် အခြေအနေကို ပြန်လည်တည့်မတ်ရန် ပြုပြင်နိုင်အောင် မထိုက်တန်သည့်အခွင့်အရေးပေးပါ။ သူ့လောက်ကျေးဇူးသိတတ် သူ၊ သူ့လောက် နှစ်သက်ဖွယ်ကောင်းသည့် မိတ်ဆွေကို သင်ရှာတွေ့မည်မဟုတ်ပါ။ ဘောင်ကို ကျော်၍ ကျေးဇူးတော်ဖြင့် တွေးဆဆင်ခြင်ပါလေ။ MIKE WITTMER