မာသာထရီဇာ နိုဘယ်ဆုကို ဆွတ်ခူးသောအခါ အံ့သြစရာမဟုတ်ခဲ့ပါ။ အများက မျှော်လင့်ထားသည့်အတိုင်း သူလုပ်ဆောင်ခဲ့ခြင်းအတွက် “ဆာလောင်သူ၊ အဝတ် မဲ့သူ၊ အိမ်ယာမဲ့၊ မျက်မမြင်၊ နူနာစွဲသူ၊ လူ့အသိုင်းအဝိုင်းမှ မည်သူမျှမလိုချင်သူ၊ မည်သူမျှမချစ်သူ၊ မည်သူမျှ ဂရုမပြုသူများ” စသည့်လူများပေးသည့်ဆုကို သူရရှိ ခဲ့သည်။ ထိုသူများမှာ သူ့ဘဝတစ်သက်တာလုံး သူစောင်မပြုစုခဲ့သူများဖြစ်သည်။

အရေးမပါဟု သဘောထားခံရသူများအား အခြေအနေပေါ်မူမတည်ဘဲ မည်သို့ ဂရုပြုရမည်၊ မည်သို့ချစ်ရမည်ကို သခင်ယေရှု စံနမူနာပြခဲ့သည်။ လူနာထက် ဉပုသ်နေ့နှင့်ဆိုင်သည့်ပညတ်ကို အလေးထားသည့် တရားဇရပ်မှခေါင်းဆောင်များကဲသို့မဟုတ်ဘဲ(လု ၁၃:၁၄)၊ ဗိမာန်တော်၌ လူမမာအမျိုးသမီးတစ်ဉီးကို သခင်ယေရှုတွေ့သောအခါ သနားကရုဏာသက်ခဲ့သည်။ ရုပ်ခန္ဓာချို့ယွင်းမှုကိုကျော်ပြီး ချည်နှောင်ခံနေရသည့် ဘုရားသခင်ဖန်ဆင်းထားသောလူသားဟုသူ မြင်သည်။ ထိုမိန်းမကို အထံတော်သို့ခေါ်လျက် အနာငြိမ်းစေခဲ့သည်။ “သူ့အပေါ်မှာလက်တော်ကိုတင်တော်မူသဖြင့် သူသည် ချက်ခြင်း တည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလေ၏”(:၁၃)။ ထိုမိန်းမကို တို့ထိခြင်း ကြောင့် တရားဇရပ်ရှိခေါင်းဆောင်များ စိတ်မသာယာဖြစ်ခဲ့သည်။ အကြောင်းမှာ ထိုနေ့သည် ဉပုသ်နေ့ဖြစ်သောကြောင့်ပါ။ ဉပုသ်နေ့၏အရှင် ယေရှုသခင်သည် (လု ၆:၅)၊ နှစ်ပေါင်း ၂၀ နီးပါးမျှ နှိမ့်ချခံရလျက် မသက်မသာဝေဒနာကို ခံစားရ သည့် အမျိုးသမီးအား ကရုဏာသက်စွာဖြင့် အနာငြိမ်းပေးရန် ရွေးချယ်ခဲ့သည်။

မိမိ၏သနားခြင်းကရုဏာနှင့်မထိုက်တန်ဟု လူတို့အပေါ်ကျွန်ုပ်တို့မကြာခဏ ရှုမြင်တတ်ကြောင်း ကျွန်ုပ်တွေးမိသည်။ လူတစ်ဦးဉီး၏စံနှုန်းအတိုင်းမပြည့်မီ သဖြင့် ကျွန်ုပ်တို့ငြင်းပယ်လျစ်လျူရှုခြင်းခံခဲ့ရခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်။ လူသားချင်းထက် ပညတ်ဉပဒေသများကို အလေးထားသည့် ဘာသာရေး အရေခြုံများကဲ့သို့ မဖြစ်ပါစေနှင့်။ ထိုသို့ဖြစ်ခြင်းထက် သခင်ယေရှု၏စံနမူနာကို လိုက်လျှောက်ကာ တစ်ပါးသူအပေါ် သနားခြင်းကရုဏာ၊ မေတ္တာနှင့် အသရေတင့်တယ်စွာ ဆက်ဆံကြပါစို့။ ESTERA PIROSCA ESCOBAR