ကလေးငယ်များ ဂီတစွမ်းရည်ပြသည့်ပွဲတွင် စန္ဒယားရှေ့၌ နေရာယူထားသည့် ဆရာနှင့်ကျောင်းသားလေးတို့ကို ကျွန်မကြည့်နေမိသည်။ နှစ်ယောက်သံစုံ စတင် မတီးခတ်မီ ဆရာကငုံ့ပြီး နောက်ဆုံးလမ်းညွှန်မှုကို တီးတိုးပြောသည်။ ထိုနောက် စတင်တီးခတ်ရာ သံစဉ်ကိုနားထောင်ရင်း ကျောင်းသားလေးက လွယ်ကူရိုးရှင်း သော သံစဉ်များသာတီးနေပြီး ဆရာ၏ဖြည့်ကူတီးခတ်ပေးမှုက ပို၍နက်ရှိုင်း ကောင်းမွန်သောသီချင်းကို ဖြစ်စေကြောင်း ကျွန်မသတိပြုမိသည်။ သီချင်းဆုံး ကာနီးတွင် ဆရာက ခေါင်းငြိမ့်ပြီး ကောင်းတယ်ဟုအချက်ပြလိုက်သည်။

ယေရှု၌တည်သော ကျွန်မတို့အသက်တာများသည် တစ်ဉီးတည်း အစွမ်းပြ ခြင်းထက် နှစ်ယောက်သံစုံတီးခတ်ခြင်းနှင့်ပိုတူပါသည်။ တစ်ခါတစ်ရံ ဘုရားရှင် သည် မိမိအနားတွင် ထိုင်နေကြောင်း၊ ဘုရားရှင်၏တန်ခိုးနှင့် ပို့ဆောင်လမ်းပြမှု ကြောင့်သာ တီးခတ်ဖျော်ဖြေ နိုင်ကြောင်းကို ကျွန်မလုံးဝမေ့သွားသည်။ မိမိအစွမ်းဖြင့် ဘုရားရှင်ကို ကြိုးစားနာခံလျက် မိမိခွန်အားဖြင့် နုတ်များကိုမှန်ကန်စွာ တီးနိုင် ရန် ကြိုးစားနေမိသည်။ သို့သော်လည်း များသောအားဖြင့် အတုအယောင်၊ အပေါ်ယံများနှင့်သာ နိဂုံးချုပ်သွားသည်။ မိမိ၏ အကန့်အသတ်ရှိသောအစွမ်းဖြင့် ပြဿနာများကိုကြိုးစားကိုင်တွယ်‌ေဖြေရှင်းနေသော်လည်း ရလဒ်မှာ အခြားသူများ နှင့် မသင့်မတင့် ကွဲပြားမှုများနှင့်သာ အဆုံးသတ်သွားသည်။

ကျွန်မ၏ဆရာသခင် ရှိနေခြင်းက ထူးခြားမှုကိုဖြစ်စေပါသည်။ မိမိကိုကူညီ မစရန် သခင်ယေရှု၌အမှီပြုသောအခါ ကျွန်မ၏အသက်တာအားဖြင့် ဘုရားရှင်ကို ပို၍ဂုဏ်ပြုရာ ရောက်ကြောင်းတွေ့လာသည်။ ဝမ်းမြောက်စွာအစေခံလာနိုင်သည်၊ အချည်နှောင်မဲ့ ချစ်လာနိုင်သည်။ ကျွန်မ၏ပေါင်းသင်းဆက်ဆံရေးများကို ဘုရားရှင် ကောင်းချီးပေးခြင်းကို အံ့သြနေရသည်။ သူ၏ပထမဆုံးသော တပည့်တော်များ အား သခင်ယေရှုပြောခဲ့သလိုပင် “အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။ ထိုသူသည် များစွာသော အသီးကိုသီးတတ်၏” (ယော ၁၅ :၅)။

ကျွန်မတို့၏ကောင်းသောဆရာသခင်နှင့်အတူ နေ့စဥ်နှစ်ယောက်သံစုံကို တီးခတ်နေရပါသည်။ သူ၏ကရုဏာတော်နှင့်တန်ခိုးတော်သည် ကျွန်ုပ်တို့၏ဝိညာဉ် အသက်တာ၏သံစဉ်များကို ဆောင်ကြဉ်းပေးပါသည်။ JENNIFER BENSON SCHULDT