ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ၂၉ နှစ်ကြာသည့်တိုင် ဟီရိုးအိုနိုဒါသည် တောထဲ၌ပုန်းအောင်းနေပြီး သူ့တိုင်းပြည်လက်နက်ချ အရှုံးပေးလိုက်ကြောင်းကို မယုံကြည် ခဲ့ပါ။ ဂျပန်စစ်တပ်ခေါင်းဆောင်သည် မဟာမိတ်တပ်ကိုလျှို့ဝှက်ထောက်လှမ်းရန် အိုနိုဒါ ကို ဖိလစ်ပိုင်နိုင်ငံရှိ ဝေးလံခေါင်သီသော လူးဘာကျွန်းသို့ အမိန့်နှင့် ပြောင်းရွေ့ခဲ့သည်။ ငြိမ်းချမ်းရေး ကတိဝန်ခံစာရေးထိုးပြီး အကြမ်းဖက်မှုများ ရပ်စဲသွားသည့်တိုင် အိုနိုဒါ သည် တောထဲ၌ပင် ရှိနေခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် အိုနိုဒါကို အမိန့်ပေးခဲ့သော အရာရှိကိုယ်တိုင် ထိုကျွန်းသို့သွား၍သူ့ကိုရှာပြီး စစ်ပြီးသွားပြီဖြစ်ကြောင်း နားချခဲ့ရသည်။

ပဋိပက္ခများပြီးဆုံးသွားပြီး လက်နက်ချလိုက်သည်ကို မယုံကြည်ခဲ့သောကြောင့် ဆယ်စုနှစ် ၃ စုတိုင် အိုနိုဒါ သည် အထောက်အပံ့မဲ့ အထီးကျန်စွာဖြင့် နေထိုင်ခဲ့ရသည်။ ကျွုန်ုပ်တို့လည်း အလားတူအမှားကို ပြုမိနိုင်ပါသည်။ ပေါလုက “ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်” ဟူ သော အံ့ဖွယ်အမှန်တရားကို အတိအလင်းရေးသားကြွေးကြော်ခဲ့သည်(ရော ၆:၃)။လက်ဝါးကပ်တိုင်ပေါ်တွင် တန်ခိုးတော်ဖြင့် နက်နဲဆန်းကြယ်စွာ သခင်ယေရှု အသေခံ လျက် စာတန်၏ မုသာအလိမ်အညာ၊ သေခြင်းတရားကို ကြောက်ရွံ့ခြင်း၊ အပြစ်တရား၏ချုပ်နှောင်မှုမှ မရုန်းထွက်နိုင်ခြင်းစသည်တို့ကို နိဂုံးချုပ်ပေးခဲ့သည်။ ကျွန်ုပ်တို့သည် အပြစ်တရားနှင့်ဆိုင်သောအရာ၌ အသေဖြစ်ပြီး၊ ယေရှုခရစ် အားဖြင့် အသက်ရှင်သော်လည်း(:၁၁) မကောင်းမှုဒုစရိုက်၏တန်ခိုးကြီးစိုးနေ သကဲ့သို့ ကျွန်ုပ်တို့အသက်ရှင်နေကြသည်။ စုံစမ်းနှောင့်ယှက်ခြင်းနှင့် အပြစ် သွေးဆောင်ခြင်းသို့ လိုက်ပါသက်ဆင်းသည်။ မုသာကို နားယောင်ပြီး သခင်ယေရှု ကို ကိုးစားယုံကြည်ရန် ပျက်ကွက်သည်။ သို့သော် အရှုံးပေးစရာမလို၊ အမှားများ ကြား ရှင်သန်ရန် မဟုတ်ပါ။ ဘုရားရှင်၏ကျေးဇူးတော်အားဖြင့် ခရစ်တော်၏ အောင်နိုင်ခြင်း ဖြစ်ရပ်မှန်ကို ကျွန်ုပ်တို့ စွဲကိုင်ဖက်တွယ်နိုင်ပါသည်။

အပြစ်နှင့်ရုန်းကန်နပန်းလုံးနေရင်း ထိုတိုက်ပွဲကို သခင်ယေရှု အောင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ၀န်ခံသိမှတ်သောအခါ ကျွန်ုပ်တို့လွတ်ခြင်းကိုရပြီ။ သခင်ဘုရား၏ တန်ခိုးတော်အားဖြင့် ထိုသမ္မာတရားအတိုင်း အသက်ရှင်နိုင်ကြပါစေ။ WINN COLLIER