၁၉၆၀ ဝန်းကျင်က ချီကာဂိုအနောက်ဘက်ရှိ ပျားပန်းခတ်နေသော နော့သ် လောန်‌ဒေး ရပ်ကွက်သည် လူမျိုးခြားများစုပေါင်းနေထိုင်သော စံပြဝန်းကျင်တစ်ခု ဖြစ်သည်။ လက်တစ်ဆုပ်စာမျှသော အလယ်အလတ်တန်းစား အာဖရိကန်-အမေရိကန်လူမျိုးများသည် ထိုနေရာတွင် အိမ်ပိုင်ဆိုင်မှုနှင့်စပ်လျဥ်း၍နစ်နာမှုများ သည့်ဝယ်ငှားစာချုပ်ဖြင့် အိမ်များဝယ်ယူကြပြီး စာချုပ်ပါအချက်များကိုလည်း တာဝန်ခံရသည်။ စာချုပ်သည် ဝယ်ယူသူအတွက် မျှတမှုမရှိပါ။ အကယ်၍ အရစ်ကျငွေပေးချေရန် တစ်ကြိမ်ပျက်ကွက်က လက်ငင်းပေးချေထားသောငွေ၊ လစဉ်ပေးချေသောငွေများအပါအဝင် အိမ်ကိုပါ ဆုံးရှုံးရမည်ဖြစ်သည်။ မတရားသော ရောင်းသူများက ငွေကြေးဖောင်းပွသည့်နှုန်းဖြင့် အဆမတန်စျေးဖြင့်ရောင်းချပြီး၊ တစ်ကြိမ်ငွေပေးချေရန်ပျက်ကွက်သည်နှင့် မိသားစုများကို မောင်းထုတ်နှင်ချ ကြသည်။ ထိုနောက် အခြားမိသားစုကို ထိုစာချုပ်ဖြင့်ထပ်ရောင်းနှင့်၊ လောဘဇော အတောမသတ်စွာဖြင့် သံသရာလည်နေပါတော့သည်။

ရှမွေလသည် သူ့သားများကို ဣသရေလလူတို့အပေါ် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် သူတို့၌ လောဘစိတ်လွှမ်းမိုးလျက် “အဘလမ်းသို့မလိုက်” (၁ရာ ၈:၃)။ အဘ၏အကျင့်သမာဓိနှင့်ဆန့်ကျင်ဘက် – သူ့သားများသည် “ငွေကို တပ်မက်သောစိတ်နှင့်လွဲသွား၍တံစိုးစားလျက်” သူတို့၏ရာထူးများကို ကိုယ်ကျိုး အတွက် အသုံးပြုခဲ့သည်။ ထိုမတရားသောလုပ်ရပ်များကို ဣသရေလလူကြီးများနှင့် ဘုရားရှင်လည်း မနှစ်သက်ပါ။ ဓမ္မဟောင်းကျမ်းစာမျက်နှာတွင် ထိုမတရားမှု များဖြင့် သံသရာလည်နေသောဘုရင်များအကြောင်းနှင့် ပြည့်နေသည် (:၄-၅)။

ဘုရားရှင်၏နည်းလမ်းကိုလိုက်လျှောက်ရန် ငြင်းပယ်ခြင်းသည် အကျင့်ပျက် မှုကိုနေရာပေးခြင်းဖြစ်ပြီး ရလဒ်ကား မတရားမှုကိုတိုးပွားစေသည်။ ဘုရားရှင်၏ နည်းလမ်းအတိုင်း လျှောက်လှမ်းအသက်ရှင်ခြင်းသည် ရိုးသားမှုနှင့်အသက်ရှင် ခြင်းဖြစ်ပြီး၊ အပြောသာမက လက်‌တွေ့တွင်လည်း တရားမျှတမှုကို ထင်ရှားစွာ တွေ့မြင်ရသည်။ ထိုကောင်းသောလုပ်ရပ်များသည် ဘယ်သောအခါမျှ ပြီးဆုံး သွားခြင်းမရှိဘဲ အခြားသူများက အမြဲတွေ့မြင်ပြီး ကောင်းကင်ဘုံရှင်အဘကို ထောမနာပြု ချီးမွမ်းကြလိမ့်မည်။ JOHN BLASE