နှစ်စဉ် နိုင်ငံတကာပေးစာရေးပြိုင်ပွဲတွင် သန်းနှင့်ချီသောလူငယ်များ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲခေါင်းစဉ်က “သင့်ကိုယ်သင် အချိန်နှင့်အမျှ ခရီးပေါက်သောစာအဖြစ် မြင်ယောင်လိုက်ပါ။ စာဖတ်သူများအား သင်မည်သို့သော စကားလက်ဆောင်ပါးချင်ပါသနည်း” ဟူ၍ဖြစ်သည်။

ကျမ်းစာထဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်မှုနှင့် လမ်းညွှန်မှု အားဖြင့် အချိန်ကိုဖြတ်သန်းကာ ကျွန်ုပ်တို့ထံသို့ရောက်ရှိခဲ့သည့်စာ အတွဲလိုက် ရှိသည်။ ခရစ်ယာန်အသင်းတော်များ ကြီးထွားတိုးပွားလာသည်နှင့်အမျှ ခရစ်တော်၌ရှိသော အသက်တာသစ်နှင့်စပ်လျဥ်း၍ လူတို့နားလည်ရန် သခင်ယေရှု ၏တပည့်တော်များက ဥရောပနှင့်အာရှမိုင်းနားတစ်လွှားရှိ ဒေသခံအသင်းတော် များသို့ အထောက်အကူဖြစ်မည့်စာများရေးသားခဲ့သည်။ ယနေ့ကျွန်ုပ်တို့ ဖတ်နေသော သမ္မာကျမ်းစာ၌ ထိုစာအများစုကို စုပေါင်းဖော်ပြထားသည်။

ထိုစာများကိုရေးသားခဲ့သူများသည် စာဖတ်သူများအား မည်သည့် သတင်းစကားများကို မှာကြားလိုသနည်း။ ရှင်ယောဟန်က သူ၏ပထမဆုံး စာစောင်တွင် “ရှေ့ဦးစွာကပင်ဖြစ်၍ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့်စမ်းသပ်ခဲ့ပြီးသော အရာ”ဖြစ်သည့် (၁ယော ၁:၁)- အသက်ရှင်သောခရစ်တော်နှင့်တွေ့ဆုံ ရသည့်အကြောင်းကို ရေးသားထားသည်။ သူ့စာဖတ်ရှုသူများ အချင်းချင်း မိတ်သဟာယရှိရန်၊ ခမည်းတော်နှင့်လည်းကောင်း၊ သားတော်‌ ယေရှုခရစ်နှင့် လည်းကောင်း မိတ်သဟာယဖွဲ့ရန် ရည်ရွယ်လျက်၊ မိတ်သဟာယရှိလျှင် ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်း စုံလင်မည်(:၃-၄)ဟု ရှင်ယောဟန်ရေးသား ခဲ့သည်။ သမ္မာကျမ်းစာ၏စာစောင်များသည် ထာဝရဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းဟူသည့် အချိန်ကာလအလွန်မိတ်သဟာယဆီသို့ ကျွန်ုပ်တို့ကို ခေါ်ဆောင်သွားပေသည်။ AMY PETERSON