တံခါးဂျက်မကျအောင် တိပ်နှင့်ကပ်ထားသည်ကို လုံခြုံရေးဝန်ထမ်းက စစ်ဆေးတွေ့ရှိ၍ ယင်းတိပ်ကို ဖယ်ရှားခဲ့သည်။ နောက်ပိုင်း တံခါးကို သူထပ်မံစစ်ဆေးသည့်အခါ တိပ်ကပ်ထားသည်ကိုတွေ့ရပြန်သည်။ သူက ရဲကို ခေါ်လိုက်၍ ရဲများရောက်လာပြီး ဖောက်ထွင်းသမား (၅) ဦးကို ဖမ်းမိခဲ့သည်။

အမေရိကန်နိုင်ငံ၏အဓိကနိုင်ငံရေးပါတီဋ္ဌာနချုပ်၊ ဝါရှင်တန်ဒီစီ ဝါတာဂိတ် အဆောက်အဦတွင် အလုပ်လုပ်သည့် လုံခြုံရေးဝန်ထမ်းလူငယ်သည် သူ့အလုပ်ကို ရိုးရှင်းစွာ အလေးအနက်ထားပြီး ကောင်းမွန်စွာလုပ်ခြင်းကြောင့် သူ့ဘဝတွင် အကြီးမားဆုံးသော သိက္ခာမဲ့စေမည့်နိုင်ငံရေးအမှုကို ဖော်ထုတ်နိုင်ခဲ့သည်။

နေဟမိသည် သူအလွန်အလေးထားသည့် ယေရုရှလင်မြို့ရိုးတည်ဆောက်ခြင်းကို အစပြုခဲ့သည်။ စီမံကိန်းပြီးခါနီးတွင် အနီးဝန်းကျင်မှရန်သူများက ရွာတစ်ရွာ ၌ သူတို့နှင့် လာတွေ့ဆုံရန် သူ့ကိုမှာလိုက်သည်။ အယောင်ဆောင်ချစ်ကြည်ရေး၏ နောက်၌ မမြင်ရသောထောင်ချောက်ရှိသည် (နေ ၆:၁-၂)။ သို့သော် နေဟမိ၏ တုံ့ပြန်ချက်က သူ၏ခံယူချက်လေးနက်မှုကို ဖော်ပြနေသည်။ “ငါသည် ကြီးသော အမှုကို ဆောင်ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင်ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍ အဘယ်ကြောင့် အမှုပြတ်ရမည်နည်း” (:၃)

နေဟမိ၌ လုပ်ပိုင်ခွင့်အာဏာကို အတိုင်းအတာတစ်ခုထိ မုချပိုင်ဆိုင်ထား သော်လည်း သူရဲကောင်းအဆင့်အထိတော့ သူ့ကိုသတ်မှတ်မည်မဟုတ်ပါ။ သူသည် ကြီးမြတ်သည့် စစ်သူရဲမဟုတ်ပါ။ ကဗျာဆရာ၊ ပရောဖက်၊ ဘုရင်မင်းမြတ်၊ ပညာရှိကဝိ ဘာတစ်ခုမှ မဟုတ်ပါ။ သူသည် ရှင်ဘုရင်၏အလှည့်ကျတာဝန်ထမ်း ရသော ဖလားတော်ကိုင်မျှသာ ဖြစ်သည်။ သို့သော် သူသည် ဘုရားသခင်အတွက် အရေးကြီးသည့်အမှုကို ဆောင်ရွက်နေကြောင်း သူယုံကြည်သည်။ ကျွန်ုပ်တို့ လုပ်ဆောင်ရန်အတွက် ဘုရားသခင်ပေးထားသည့် အမှုကို အလေးအနက်ထားပြီး ကိုယ်တော်၏တန်ခိုးတော်နှင့် ပံ့ပိုးကူညီမှုဖြင့် ကောင်းမွန်စွာ လုပ်ဆောင်ကြပါစို့။ GLENN PACKIAM