ခွင့်လွှတ်ခြင်းသည်အရေးကြီးကြောင်း လူမျိုးတုံးသတ်ဖြတ်မှုဘေးမှ အသက်မသေဘဲ လွတ်မြောက်ခဲ့သူ ကော်ရီတဲန်ဘူးမ် ကောင်းကောင်းသိသည်။ သူရေးသားသည့် Tramp for the Lord စာအုပ်တွင် ခွင့်လွှတ်ပြီးအပြစ်များကို ပင်လယ်ထဲချပစ်ခြင်းသည် သူအနှစ်သက်ဆုံး မြင်ကွင်းပုံရိပ်ဖြစ်သည်ဟု ဆိုသည်။ “မိမိ၏အပြစ်များကို ဝန်ချ တောင်းပန်သောအခါ၊ ထိုအပြစ်များကို ဘုရားသခင်က အနက်ဆုံးသော ပင်လယ်ထဲသို့ လွင့်ပစ်သည်။ ထာဝရမရှိတော့ပါ။…ဘုရားသခင်သည် ‘ငါးမမျှားရ’ ဟူသည့်ဆိုင်းဘုတ်ကို စိုက်ထူလိမ့်မည်ဟု ကျွန်မယုံကြည်သည်”ဟု ရေးသားခဲ့သည်။

ယုံကြည်သူများသည် ညစ်ညူးသောခံစားချက်များ၌ လူးလှိမ့်ရင်း ဘုရားသခင်သည် အပြစ်မှားယွင်းမှုများကို ခွင့်လွှတ်သည်တွင် မိမိသည် အကြွင်းမဲ့ လုံးဝခွင့်လွှတ် ခံရကြောင်းအချက်ကို လွတ်သွားတတ်သဖြင့် ထိုအရေးကြီးသော သမ္မာတရားကို သူထောက်ပြခြင်းဖြစ်သည်။ ညစ်ညူးသောခံစားချက်များကြား၌ လူးလိမ့်ရင်း မိမိ၏ ရှက်ဖွယ်အပြုအမူများကို ပြန်တူးဆွရန်မလိုဘဲ၊ ကိုယ်တော်၏ကျေးဇူးကရုဏာနှင့် ခွင့်လွှတ်ခြင်းကို လက်ခံကာ သူ့နောက်သို့ လွတ်လပ်စွာလိုက်လျှောက်ရန်ဖြစ်သည်။

ဆာလံကျမ်း ၁၃၀ တွင် ‘ငါးမမျှားရ’အတွေးအမြင်ကို တွေ့ရသည်။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ သို့သော် နောင်တရသူများ၏အပြစ်ကို ခွင့်လွှတ် သည်။ “အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏”(:၄) ဟု ကြွေးကြော်လျက် ဆာလံဆရာသည် ထာဝရဘုရားကိုစောင့်လျက်(:၅)၊ ကိုးစားလျက် ကိုယ်တော် သည် “ဣသရေလအမျိုးကို ခပ်သိမ်းသောဒုစရိုက်အပြစ်တို့အထဲက ရွေးနုတ် တော်မူလိမ့်မည်”(:၈) ဟု ယုံကြည်ခြင်းဖြင့် သူမြွက်ဆိုခဲ့သည်။ ယုံကြည်သူများ အတွက် “များစွာသော ရွေးနုတ်ခြင်း ကျေးဇူးရှိ၏” (:၇)။

ရှက်စိတ်၊ မထိုက်တန်သော စိုးစိတ်ခံစားချက်များ လွှမ်းမိုးလျှင် ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့နှင့် ကျွန်ုပ်တို့အစေမခံနိုင်။ အတိတ်၏အရိပ်က မိမိအတွက် အဟန့်အတားဖြစ်နေမည်။ ပြုမိမှားခဲ့ခြင်းအတွက် ထိုသို့ခံစားနေရပါက ဘုရားရှင် ပေးသနားသည့် ခွင့်လွှတ်ခြင်းဆုကျေးဇူးနှင့်အသက်သစ်ကို အကြွင်းမဲ့ယုံကြည်နိုင် အောင်မစပါမည့်အကြောင်း တောင်းလျှောက်ပါ။ သင့်အပြစ်များကို သမုဒ္ဒရာ ပင်လယ်ထဲသို့ ဘုရားရှင်ချပစ်လိုက်ပါပြီ။ AMY BOUCHER PYE