ကနေဒါလေကြောင်းလိုင်း၏ ပိန်းပိတ်အောင်မဲမှောင်နေသည့် ဂျက်လေယာဉ်၌ လိုက်ပါ လာသူ တစ်ဖနီ တစ်ယောက်နိုးလာသည်။ သူ့ထိုင်ခုံခါးပတ်ပတ်ထားဆဲ ဖြစ်ပြီး လေယာဉ်ဆိုက်သဖြင့် အခြားခရီးသည်များက စိတ်လှုပ်ရှားနေကြချိန်တွင် သူကအိပ်ပျော်နေခဲ့သည်။ “ငါ့ကိုဘာလို့ ဘယ်သူမှမနိုးတာလဲ။ ငါဒီနေရာကို ဘယ်လိုလုပ်ရောက်နေတာလဲ” ဟု တွေးရင်း စိတ်ရှုပ်ထွေးမှုကိုဖယ်ကာ အဖြစ်အပျက်များကို ပြန်မှတ်မိရန်သာ ကြိုးစားမိတော့သည်။

သင်လုံးဝမမျှော်လင့်ထားသည့်အခြေအနေ၌ ရောက်နေသည့်အဖြစ်မျိုး ကြုံဖူးပါသလား။ ငယ်ငယ်ရွယ်ရွယ်နှင့် ကုသ၍မရနိုင်သော ရောဂါခံစားနေရခြင်း၊ သင်၏ ကြိုးစားမှုရလဒ်က အလွန်ကောင်းသော်လည်း သင့်ရာထူးအဆင့်ကို ဖျက်သိမ်းလိုက် ခြင်း၊ အကောင်းဆုံးသောအိမ်ထောင်သက်တမ်းကိုပျော်မွေ့ခဲ့ပြီးနောက် ယခုတွင် အချိန်ပိုင်းအလုပ်လုပ်ပြီး အိမ်ထောင့်တာဝန်ကို တစ်ဉီးတည်းယူနေရခြင်း ဆိုပါစို့။

ဒီအခြေအနေကို ငါဘယ်လိုရောက်ခဲ့ပါလိမ့်ဟု “မီးဖိုပြာထဲထိုင်လျက်” ယောဘကြီး တွေးမိမည်ပင် (ယောဘ ၂:၈)။ သားသမီး၊ စည်းစိမ်ဉစ္စာနှင့် ကျန်းမာရေး ကို တမုဟုတ်ချင်း သူဆုံးရှုံးခဲ့ရသည်။ ဘယ်လိုဖြစ်တာပါလိမ့်ဟု သူမခန့်မှန်းနိုင်၊ မသိနိုင်ခဲ့ပါ။ သို့သော် သူ့အနေဖြင့် သတိရရန်သာလိုကြောင်း သူသိသည်။

သူ့ဖန်ဆင်းရှင်နှင့် ထိုအရှင် သူ့အပေါ်မည်မျှကောင်းခဲ့သည်ကို သူသတိရ သည်။ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍ ဒုက္ခဆင်းရဲကို မခံယူရာသလော” (:၁၀) ဟု သူ့မိန်းမကို ပြောသည်။ ကောင်းမြတ်သော ဤဘုရားသည် သစ္စာတည်တော်မူမည်ဟု စိတ်ချယုံကြည်ရန် ယောဘသတိရသည်။ ထို့ကြောင့် သူမြည်တမ်းခဲ့သည်။ အော်ဟစ်ခဲ့သည်။ “ငါ့ကို ရွေးနုတ်သောသခင်သည် အသက်ရှင်၏”(:၂၅)၊ “ငါသည် ကိုယ်ခန္ဓာ၌ ဘုရားသခင်ကို မြင်သည်ဟု ငါသိ၏”(:၂၆) ဟု မျှော်လင့်ချက်ဖြင့် သူငိုကြွေးခဲ့ သည်။ သူ့ဇာတ်လမ်းမည်သို့စပြီး မည်သို့ဆံုးခဲ့သည်ကို သတိရလျက် ​မျှော်လင့်ခြင်း၌ ယောဘတည်ခဲ့သည်။ MIKE WITTMER