​ဆရာမလေးဒုံလန်သည် စာဖတ်သူတစ်ဉီးဖြစ်ပြီး တစ်နေ့တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ခံစားခွင့်ရခဲ့သည်။ သူသည် ခရီးသွားရန်ပြင်ဆင်နေချိန်၌ ရှည်လျားသော ခရီးသွားအာမခံပေါ်လစီများကို စစ်ဆေးဖတ်ရှုရင်း စာမျက်နှာ-၇ အရောက်တွင် ကောင်းမြတ်အံ့ဖွယ်သောဆုလာဘ်ကို တွေ့လိုက်ရသည်။ ကုမ္ပဏီ၏ “စာဖတ်ခြင်း အတွက် အခပေးခြင်း” စာဖတ်ပြိုင်ပွဲနှင့်အကြုံး၀င်သည့် ထိုစာမျက်နှာ-၇ အထိ ပထမဆုံးဖတ်ရှုသူအား ကုမ္ပဏီမှ ဒေါ်လာငွေတစ်သောင်း ချီးမြှင့်ရန် စာချုပ်၌ ပါရှိ ဖြစ်သည်။ ထို့ပြင် ဒုံလန်နေထိုင်သည့်ဒေသရှိ ကျောင်းများသို့လည်း ကလေးသူငယ် စာတတ်မြောက်ရေး အစီအစဉ်အတွက် ဒေါ်လာထောင်နှင့်ချီ၍ ပေးလှူခဲ့သေးသည်။ “ကျွန်မက စာချုပ်ပါအချက်အလက်ကို လျှောက်ဖတ်တတ်တဲ့ အရူးအနှမ်းပေါ့နော်။ ကျွန်မက အခြားသူတွေထက် သြချစရာကောင်းတဲ့သူပဲ” ဟု သူဆိုသည်။

ဘုရားရှင်၏အံ့သြဖွယ်အကြောင်းကို မြင်အောင် သူ့မျက်လုံးများ ပွင့်နေရန် ဆာလံဆရာ လိုလားခဲ့သည် (ဆာ ၁၁၉:၁၈)။ ဘုရားရှင်ကလည်း သူ့အကြောင်းကို လူတို့အားသိစေချင်ကြောင်း ဆာလံဆရာသဘောပေါက်ခဲ့ပါလိမ့်မည်။ ထို့ကြောင့် လည်း ကိုယ်တော်နှင့် နက်ရှိုင်းသောနီးစပ်မှုကို သူတောင့်တခဲ့သည်။ ဘုရားရှင်သည် မည်ကဲ့သို့သောဘုရားဖြစ်သည်ကို သူတိုး၍ မြင်လိုသိလိုသည်။ ကိုယ်တော် ဘာပေးထားသည်ကို သိလိုသည်။ ကိုယ်တော့်နောက်တော်သို့ မည်သို့နီးကပ်စွာ လိုက်လျှောက်ရမည်ကို သိလိုသည် (:၂၄၊ ၉၈)။ “ကိုယ်တော်၏တရားကို ကျွန်ုပ်သည် အလွန်နှစ်သက် ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက်နေပါ၏” (:၉၇) ဟု သူရေးသားခဲ့သည်။

ဘုရားသခင်အကြောင်း၊ သူ့သဘောတော်နှင့် သူ၏မစဖြည့်ဆည်းထောက်ပံ့မှု စသည်တို့ကိုသင်ယူလျက် ကိုယ်တော်နှင့်သာ၍တိုး၍နီးစေရေး ကိုယ်တော့် အ‌ကြောင်းကို အချိန်ယူဆင်ခြင်ရန် ကျွန်ုပ်တို့၌လည်း အခွင့်အရေးရှိပါသည်။ ဘုရားရှင်သည် ကျွန်ုပ်တို့ကို သွန်သင်လိုသည်။ လမ်းပြပို့ဆောင်လိုသည်။ သူသည် မည်သို့သောဘုရား ဖြစ်သည်ကိုသိမြင်ရန် ကျွန်ုပ်တို့စိတ်နှလံုးကို ဖွင့်ပြလိုသည်။ ကျွန်ုပ်တို့ ကိုယ်တော့်ကိုရှာလျှင် သူမည်သူဖြစ်သည်ကို သူ့ကိုယ်သူဖွင့်ပြလျက် သာ၍ကြီးမားအံ့ဖွယ်ရာ သူ၏မျက်မှောက်တော်ဆုလာဘ်နှင့် ဝမ်းမြောက်ခြင်းကို ခံစားရစေမည်။ ANNE CETAS