အသက် ၇၀ အရွယ်ရှိ ဗြိတိန်တော်ဝင်ရေတပ်သားဟောင်းဖြစ်သူ ဂျိမ်းစ် မက်ကောနယ် သည် ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ မက်ကောနယ် ၌ မိသားစုမရှိသဖြင့်ပြုစုစောင့်ရှောက်ရေးဂေဟာမှဝန်ထမ်းများက သူ၏စျာပနသို့ မည်သူမျှ မလာမည်ကို စိုးရိမ်နေသည်။ မက်ကောနယ် ၏အောက်မေ့ဖွယ် အခမ်းအနားကို တာဝန်ယူရသူက ဖေ့စ်ဘွတ်စာမျက်နှာတွင် “ဤခေတ် ကာလတွင် နှုတ်ဆက်အသိအမှတ်ပြုမည့်သူ မည်သူမျှမရှိဘဲ ဤလောကမှ ထွက်ခွာရခြင်းသည် ဝမ်းနည်းစရာပါ။ သို့သော် ဤပုဂ္ဂိုလ်၌ မိသားစုရှိသည်။ ယခင် ရဲဘော်ရဲဘက်ဟောင်းအား အရိုအသေပေးသည့်အနေဖြင့် မြေမြှုပ် သင်္ဂြိုလ်ချိန်၌ လာနိုင်ပါက လာရောက်ကြပါ”ဟု ရေးသားခဲ့သည်။ ထို့ကြောင့် စျာပနဝတ်သို့ တော်ဝင်ရေတပ်သား နှစ်ရာကျော် စုဝေးရောက်ရှိခဲ့ကြသည်။

ကျွန်ုပ်တို့ တစ်ဉီးနှင့်တစ်ဉီး ဆက်နွယ်ပတ်သက်နေကြောင်း သမ္မာကျမ်းစာမှ အမှန်တရားကို ဤဗြိတိသျှရေတပ်သားက ဖော်ပြနေသည်။ “ကိုယ်သည် အင်္ဂါ တစ်ခုတည်းရှိသည်မဟုတ်၊ အများရှိသည်” ဟု ရှင်ပေါလုက ပြောထားသည် (၁ ကော ၁၂:၁၄)။ ကျွန်ုပ်တို့အထီးမကျန်ပါ။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်အားဖြင့် စုစည်းထားကြသည်။ သမ္မာကျမ်းစာမှ အင်္ဂါချင်းအပြန်အလှန် ဆက်သွယ်မှုကို ဖွင့်ပြထားသည်။ “အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကိုခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏”(:၂၆)။ ခရစ်တော်ကို ယုံကြည်သူများသည် ဘုရား၏မိသားစုအသစ်ဖြစ်ပြီး၊ နာကျင်မှုများ၊ ဝမ်းနည်းပူဆွေးမှု၊ တစ်ဉီးတည်း လျှောက်လှမ်းရန် မဝံ့ရဲသောမှောင်မိုက်ရာများကြားတွင် အတူတကွ ဖြတ်သန်း ကြသည်။ တစ်ဉီးတည်း မလျှောက်လှမ်းရခြင်းက ကျေးဇူးတင်စရာပါ။

မှောင်မိုက်ထဲတွင် မိမိတစ်ဉီးတည်းဟုခံစားရခြင်းက အနာကျင်ရဆုံး၊ အဆိုးဆုံးအပိုင်းဖြစ်သည်။ သို့သော် အတူတကွ မျှဝေခံစားသည့် လူ့အဖွဲ့အစည်း အသစ်တစ်ခုကို ဘုရားသခင်ဖန်ဆင်းထားပြီး၊ မှောင်မိုက်ထဲတွင် မည်သူတစ်ဉီး တစ်ယောက်ကိုမျှမထားခဲ့သည့် လူအဖွဲ့အစည်းအသစ်ဖြစ်သည်။ WINN COLLIER