မကြာမီက အထက်တန်းကျောင်းတစ်ကျောင်း၏ဘွဲ့ယူသည့်အခမ်းအနားသို့ ကျွန်ုပ်တက်ရောက်ခဲ့သည်။ ထိုပွဲတွင် စကားပြောခွင့်ရသူက ဒီပလိုမာဘွဲ့ယူမည့် မောင်မယ်တို့အတွက် လိုအပ်သည့်စိန်ခေါ်မှုတစ်ရပ်ကို ဖော်ပြခဲ့သည်။ “ဘဝတွင် ယခုအချိန်သည် လူတိုင်းက သူတို့အား ‘နောက်ပြီး ဘာလုပ်မှာလဲ’ ဟု မေးကြသည်။ မည်သည့်အသက်မွေးဝမ်းကျောင်းလုပ်ကိုင်မည်နည်း။ မည်သည့်ကျောင်း ဆက်တက်မည်နည်း။ မည်သည့်အလုပ်လုပ်ကိုင်မည်နည်း။ ပို၍အရေးကြီးသည်မှာ ယခုဘာလုပ်နေသနည်း ဟူသည့်မေးခွန်းဖြစ်သည်” ဟု သူက ဆိုသည်။

ယံုကြည်ခြင်းခရီးတွင် မိမိအတွက် မဟုတ်ဘဲ ခရစ်တော်အတွက် အသက်ရှင်ရန် လမ်းပြမည့် မည်သည့်ဆံုးဖြတ်ချက်ကို သူတို့နေ့စဉ်ချမှတ်ကြမည်နည်း။

သူ့စကားက လတ်တလောတွင် မည်သို့ ဘဝရှင်သန်ရမည်ကို ဖော်ပြသည့် သုတ္တံကျမ်းကိုသတိရစေသည်။ ဉပမာ-ယခု ရိုးသားမှန်ကန်စွာကျင့်ကြံခြင်း (၁၁:၁)၊ ယခု မှန်သောမိတ်ဆွေကို ရွေးချယ်ခြင်း (၁၂:၂၆)၊ ယခုသမာသမတ်ကျကျ ရှင်သန်ခြင်း (၁၃:၆)၊ ယခုမှန်ကန် ကောင်းမွန်စွာ ဆုံးဖြတ်စီရင်ခြင်း (၁၃:၁၅)၊ ယခုစကားကို ပညာအမြော်အမြင်နှင့် ပြောဆိုခြင်း (၁၄:၃)တို့ဖြစ်သည်။

သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုဖြင့် ယခုဘုရားသခင်အတွက် အသက်ရှင်ခြင်းက နောက်ဘာလုပ်မည်ဟူသည့် ဆံုးဖြတ်ချက်ကို ချမှတ်ရန် အရေးအား လွယ်ကူစေလိမ့်မည်။ “အကြောင်းမူကား၊ ထာဝရဘုရားသည် ပညာကို ပေးတော်မူတတ်၏။… ဖြောင့်မတ်သောသူတို့အဖို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့် ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။ မိမိသန့်ရှင်းသူတို့၏… လမ်းခရီးကို လံုခြံုစေတော်မူ၏”(၂:၆-၈)။ ဘုရား၏ လမ်းညွှန်မှုဖြင့် ယခုဘဝရှင်သန်နိုင်ရေး လိုအပ်ရာရာကို ဘုရားရှင် ပေးသနား တော်မူပါစေ။ သူ၏ဘုန်းထင်ရှားစေရေးအတွက် နောက်ထပ် ဘာပြုရမည်ကို ကျွန်ုပ်တို့အားလမ်းပြပို့ဆောင်တော်မူပါစေသော်။ DAVE BRANON