နှလုံးရောဂါဖောက်ပြီး ကျွန်တော့်ညီဒေးဗစ် ရုတ်တရက် ကွယ်လွန်သွားချိန်တွင် ဘဝကိုရှုမြင်သည့် ကျွန်ုပ်၏အမြင်လည်း သိသိသာသာ ပြောင်းလဲသွားသည်။ မွေးချင်းခုနစ်ဦးအနက် ဒေဗ်သည် စတုတ္ထမြောက်ဖြစ်သော်လည်း ကျွန်တော် တို့ထက် ဦးဆုံးထွက်သွားသူဖြစ်ပြီး မျှော်လင့်မထားသော ထိုအဖြစ်က ကျွန်ုပ်အတွက် ပို၍စဉ်းစားဆင်ခြင်စရာဖြစ်ခဲ့သည်။ အသက်ရလာသည်နှင့်အမျှ မိသားစု၏အနာဂတ်ကို ရရှိခြင်းထက် ဆုံးရှုံးခြင်းဖြင့် သတ်မှတ်ကြမည်ဖြစ်ကြောင်း သိသာလာပါသည်။ ကြိုဆိုခြင်းထက် နှုတ်ဆက်ခြင်းပုံစံက ပိုပေါ်လွင်လာသည်။

၎င်းသည် ဘဝ၏လည်ပတ်မှုပုံစံပင်ဖြစ်ပြီး ဤအရာတစ်ခုမျှ အံ့သြစရာ မဟုတ်ပါ။ သို့သော် ဤအသိကပင် ဉာဏ်အလင်းကို ဖွင့်ပေးခဲ့သည်။ အချိန်တိုင်း၌ ဘဝက ကျွန်ုပ်တို့အတွက် သစ်လွင်လတ်ဆတ်သောရည်ရွယ်ချက်ကို ပေးပြီး အခွင့်အရေးများကို ပေးပါသည်။ ရှေ့အနာဂတ်အချိန် လက်တွေ့ပြန်လည် ပေါင်းစည်းရမည့်နေရာ၊ နှုတ်ဆက်ပါတယ် ဆိုသောစကား မလိုတော့သည့် နေရာ၌ ကြီးမြတ်သည့်အသစ်သောတန်ဖိုးထားမှုစံကို ချထားပေးပါသည်။

ဤနောက်ဆုံးသောအဖြစ်မှန်ဘဝကို ဗျာဒိတ်ကျမ်း ၂၁:၃-၄ ၏ အနှစ်ချုပ်၌ တွေ့ရသည်။ “ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ”။

တစ်ချိန်လုံး နှုတ်ဆက်ခြင်းရာသီကိုသာ ကြုံနေရသည်ဟု ကျွန်ုပ်တို့ ယခု ခံစားနေရသော်လည်း ခရစ်တော်၏အသေခံခြင်းနှင့် ထမြောက်ရှင်ပြန်ခြင်းကို ယုံကြည်ခြင်းက ‘ထာဝရ ဟဲလိုမင်္ဂလာပါ’ ဟုကြိုဆိုနှုတ်ဆက်ခြင်း ခံရမည့် အကြောင်း ကတိပေးထားပါသည်။ BILL CROWDER