အတိုးအလျော့ ဆိုသည့် ဝေါဟာရက ကျန်းမာကြံ့ခိုင်ရေးလောကတွင် လူတိုင်း ပါဝင်လာအောင် အခွင့်ပေးသည့် ဝေါဟာရဖြစ်သည်။ ဥပမာ- အထူးလေ့ကျင့်ခန်း ‘အိပ်၊ထ၊မ၊တင်’ကို ၁၀ ကြိမ် ဆက်တိုက်လုပ်ရမည် ဖြစ်သော်လည်း ကျွန်တော်က ၄ ကြိမ်သာလုပ်နိုင်သည်။ နည်းပြက ကျွန်တော်၏ ကြံ့ခိုင်မှုအဆင့် ပေါ်မူတည်ပြီး ကာလအလိုက် အတိုးအလျော့လုပ်နိုင်ကြောင်း ကျွန်တော့်ကို အားပေးသည်။ မိမိတို့၏ကြံ့ခိုင်မှုအဆင့်မတူညီသော်လည်း ဦးတည်ချက် တစ်ခုတည်းဆီသို့ အားလုံးရွေ့သွားနိုင်သည်။ “ရှင့်အစွမ်းရှိသလောက် ‘အိပ်၊ထ၊မ၊တင်’ ၄ ကြိမ် ဆက်လုပ်ပါ။ အခြားသူတွေနဲ့ ရှင့်ကိုယ်ရှင် မနှိုင်းနဲ့။ အခုအတွက်တော့ လျော့ထားအုံး၊ ရှင်လုပ်နိုင်သလောက် ဆက်လုပ်၊ တစ်ချိန်မှာ ရှင် ၇ ကြိမ် လုပ်နိုင်လို့ ရှင်အံ့သြရမယ်၊ တစ်နေ့ကျရင်တော့ ၁၀ ကြိမ် လုပ်နိုင်မှာပါ” ဟူ၍ တစ်နည်းတစ်ဖုံ သူပြောခြင်းဖြစ်သည်။

ပေးလှူခြင်းနှင့် ပတ်သက်လျှင် တမန်တော်ရှင်ပေါလုက ရှင်းရှင်းလင်းလင်းပင်ပြောထားသည်။ “စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင် နှစ်သက် တော်မူ၏” (၂ ကော ၉:၇)။ သို့သော် ကောရိန္သုမြို့ရှိ ယုံကြည်သူများနှင့် ကျွန်ုပ်တို့ အတွက် သူ၏အားပေးစကားမှာ အတိုးအလျော့လေးရှိသည်။ “လူတိုင်း ကိုယ်အလို အလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ” (:၇)။ ပေးလှူခြင်းအဆင့်အမျိုးမျိုး၌ ကျွန်တော်တို့ ရှိနေ မည်။ အချိန်နှင့်အမျှ ထိုအဆင့်များမှာ ပြောင်းလဲလာမည်။ သူများနှင့် နှိုင်းယှဉ်ခြင်းက အကျိုးမရှိပါ။ မိမိ၏စိတ်ထားသာအဓိကဖြစ်သည်။ သင်ရောက် နေသည့်နေရာပေါ်မူတည်ပြီး ရက်ရောစွာပေးလှူပါ (:၆)။ စေတနာစိတ်နှင့် ပေးလှူခြင်းသည် အရာရာ၌ ကြွယ်ဝခြင်းနှင့်အတူ ကောင်းချီးခံစားရသော အသက်တာကို ယူဆောင်လာပြီး “ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းစရာ အကြောင်း” (:၁၁) ရလဒ်ထွက်လာမည်ဟု ကျွန်တော်တို့၏ဘုရားသခင်က ကတိ ပေးထားပါသည်။ JOHN BLASE