အာမခံအကျိုးဆောင်က နောက်တစ်ခါတွေ့ရန်ပြောသောအခါ သက်သက်အချိန်ဖြုန်းနေတာဟု ဟာလီ တွေးလိုက်မိသည်။ အာမခံရောင်းအား ကောင်းရန် အတွက် ငြီးငွေ့ဖွယ်သူတို့ရောင်းနေသည့်အရာများအကြောင်း ပြောမည်ကို သိသော်လည်း သူမ၏ယုံကြည်ခြင်းအကြောင်းကို ပြောပြရန်အခွင့်ရှာပြီး အချိန်ကိုကျိုးရှိအောင် အကောင်းဆုံးအသုံးချမည်ဟု ဟာလီ ဆုံးဖြတ်လိုက်သည်။

အကျိုးဆောင်အမျိုးသမီးသည် မျက်ခုံး၌ ဆေးမင်ကြောင်ထိုးထားသည်ကို သတိပြုမိသဖြင့် ဘာလို့အဲဒါထိုးတာလဲဟု မရဲတရဲမေးလိုက်ပြီး ထိုအမျိုးသမီးက ကံကောင်းခြင်းများ ယူဆောင်ပေးမည်ဟုခံစားရ၍ထိုးခြင်းဖြစ်သည်ဟုဖြေသည်။ဟာလီ၏မေးခွန်းသည် ငွေရေးကြေးရေးစကားဝိုင်းမှ လမ်းကြောင်းလွှဲစေသည့် စွန့်စားခန်းတစ်ရပ်ပင်။ သို့သော် ထိုမှတစ်ဆင့် ကံကောင်းခြင်းနှင့် ယုံကြည်ခြင်း အကြောင်းပြောဖြစ်ပြီး ရှင်ယေရှုအပေါ် သူမှီခိုရသည့်အကြောင်းကို ဝေမျှပြောဆိုရန် စကားစပွင့်သွားသည်။ ထိုအလဟဿ ကုန်ဆုံးသွားမည့်အချိန်သည် ဘုရားခွဲခန့်မှတ်သားသောအချိန် ဖြစ်သွားသည်။

သခင်ယေရှုသည်လည်း စွန့်စားသောအမှုတစ်ခုပြုခဲ့သည်။ ယုဒပြည်မှ ဂါလိလဲသို့ ခရီးပြုစဉ် ဂျူးလူမျိုးများ၏အတွေး၌ပင်မရှိသည့် ရှမာရိအမျိုးသမီးနှင့်စကားပြောခဲ့သည်။ ပိုဆိုးသည်မှာ ထိုအမျိုးသမီးသည် ရှမာရိလူအချင်းချင်းပင် ရှောင်ဖယ်ကြသော မကောင်းသောအမျိုးသမီးဖြစ်သည်။ သို့သော် ထိုစကားဝိုင်း သည် လူများစွာကို ကယ်တင်ခြင်းသို့ပို့ဆောင်ခဲ့သည် (ယော ၄:၁-၂၆၊ ၃၉-၄၂)။

သင်မတွေ့ချင်သူတစ်ဦးဦးနှင့်တွေ့ဆုံရန်ရှိနေပါသလား။ သင်ရှောင်ကြဥ် နေသော အိမ်နီးချင်းနှင့် မကြာမကြာ ထိပ်တိုက်တွေ့နေပါသလား။ ၂ တိ ၄:၂ တွင် အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သတင်းကောင်းကို ဝေငှရန်အတွက် အမြဲအဆင်သင့်ရှိရန် သတိပေးထားသည်။ စွန့်စားရပြီး ရှင်ယေရှုအကြောင်းပြောရန် စဉ်းစားထားပါ။ ယနေ့တွင် သခင်ယေရှုအကြောင်းကို တစ်စုံတစ်ယောက်အား ဝေမျှရန်အတွက် ဘုရားရှင် သင့်အား ထူးခြားသော အခွင့်အရေးပေးမည် မပေးမည်ကို မည်သူသိနိုင်မည်နည်း။ LESLIE KOH