ကျွန်မ၏အရွယ်ရောက်သည့်သားသည် ခက်ခဲသောအခြေအနေနှင့် ရင်ဆိုင်ရစဥ် သူ့အဖေအလုပ်လက်မဲ့ဖြစ်ခဲ့သောနှစ်များက ဘုရားရှင်၏ဂရုပြုမှုနှင့် စောင်မမှုကို ကျွန်မပြန်ပြောင်းပြောပြသည်။ တစ်ဖန် ကျွန်မအမေ သွေးကင်ဆာနှင့် ရုန်းကန်ရချိန်၊ နောက်ဆုံးကွယ်လွန်သွားချိန်များတွင် ဘုရားရှင်ခွန်အားပေးခဲ့ခြင်း၊ ငြိမ်သက်ခြင်းပေးခဲ့ခြင်းများကို ပြန်ပြောပြသည်။ ဘုရားရှင်၏သစ္စာတော် အကြောင်း သမ္မာကျမ်းစာမှအဖြစ်အပျက်များကို မီးမှောင်းထိုးပြပြီး ဘုရားရှင် သည် ကတိတည်သောဘုရား ဖြစ်ကြောင်း အခိုင်အမာပြောပြသည်။ မိသားစုအား ဘုရားရှင်ပို့ဆောင်ခဲ့သည့် အမှတ်ရစရာများကို ပြောပြရင်း ချိုင့်ထဲသွားရ သွားရ၊ တောင်ထိပ်ပေါ်ရောက်ရောက် ဘုရားရှင်ကို ဆက်လက်မှီခိုနိုင်ကြောင်း သတိပေး သည်။ ရုန်းကန်ရချိန်ဖြစ်စေ၊ ပျော်ရွှင်ချိန်ဖြစ်စေ ဘုရားရှင်၏ မျက်မှောက်တော်၊ ချစ်ခြင်းနှင့် ကရုဏာသည် လုံလောက်ကြောင်း သက်သေထူနေသည်။

၎င်းသည် ယုံကြည်ခြင်းခိုင်ခံ့အောင် တည်ဆောက်ပေးသည့် ကျွန်မ၏ ကိုယ်ပိုင်နည်းဗျူဟာဟု ကြွေးကြော်လိုသော်လည်း အဖြစ်အပျက်များကို ဝေမျှ‌ ပြောပြခြင်းအစဥ်အလာကို ဘုရားရှင်ဖန်တီးလျက် နောက်မျိုးဆက်များ သူ့ကို ယုံကြည်ကိုးစားရန် ကိုယ်တော်နိုးဆော်ခဲ့သည်။ အတိတ်က ဘုရားရှင်ပြုခဲ့သောအမှုအရာများကို ဣသရေလလူတို့အောက်မေ့စဥ် သူတို့မှတ်ဉာဏ်တွင် စိတ်ချယုံကြည်ခြင်းကို ဘုရားရှင်မျိုးစေ့ချခဲ့သည်။

ဣသရေလလူတို့သည် ဘုရားရှင်နောက်လိုက်လျှောက်ရင်း ကိုယ်တော်သည် သူ့ကတိတော်များကိုတည်စေကြောင်း ကိုယ်တိုင်မြင်တွေ့ခံစားခဲ့ရသည် (တရား ၄:၃-၆)။ ဆုတောင်းလေရာရာ၌လည်း ဘုရားသခင်၏ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးကို ခံရသည်(:၇)။ သားမြေးများနှင့်အတူ ဝမ်းမြောက်စွာဖြင့် စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင် မှုတ်သွင်းသော သန့်ရှင်းသောစကားတော်ကို ခံယူနှလုံးသွင်းကာ ဝေမျှခဲ့ပါသည် (:၉-၁၀)။

ကြီးမြတ်မူသော ကျွန်ုပ်တို့ဘုရား၏အံ့သြဖွယ်၊ ကရုဏာတော်နှင့် နက်ရှိုင်းသောချစ်ခြင်းများအကြောင်းကို ပြောကြားလျက် ဘုရားရှင်၏တည်မြဲသော သစ္စာတော်နှင့် ကိုးစားထိုက်ခြင်းကို ခိုင်မာအတည်ပြုခြင်းဖြင့် မိမိ၏ခံယူချက်နှင့် တစ်ပါးသူတို့၏ယုံကြည်ခြင်းတို့ကို ခိုင်ခံ့စေနိုင်ပါသည်။ XOCHITL DIXON