ကောလိပ်ကျောင်းမှ အင်္ဂလိပ်စာပါမောက္ခဆရာမက “ဆရာမ ကျမ်းစာအုပ်ကို ကိုင်လိုက်ရင် လက်ကို မီးကူးသွားလိမ့်မယ်”ဟု ပြောသည်။ ကျွန်မနှလုံး မရွှင်မလန်း ဖြစ်ရပါသည်။ ကျွန်မတို့ဖတ်ပြီးလေ့လာနေသောဝတ္ထုတွင် ကျမ်းစာတစ်ပိုဒ်ကို ကိုးကားထားသဖြင့် ကျမ်းပိုဒ်ကို ရှာရန် ကျမ်းစာအုပ်ထုတ်လိုက်စဥ် ဆရာမက သတိပြုမိပြီး ထိုသို့မှတ်ချက်ပေးလိုက်ခြင်းဖြစ်ပါသည်။ သူ၌အပြစ်များလွန်းသောကြောင့် ခွင့်လွှတ်ခံရရန်မထိုက်တန်ဟု သူထင်နေပုံရသည်။ သို့သော် ဘုရားရှင်၏ ခွင့်လွှတ်ခြင်းကို အစဥ်ရှာဖွေနိုင်ကြောင်း သမ္မာကျမ်းစာက ပြောထား သည့် ဘုရားသခင်၏မေတ္တာတော်အကြောင်းကို ကျွန်မ သူ့ကို မပြောရဲခဲ့ပါ။

နေဟမိမှတ်စာ၌ နောင်တရခြင်းနှင့် ခွင့်လွှတ်ခြင်းအကြောင်း သာဓက တစ်ခုရှိသည်။ ဣသရေလလူတို့သည် သူတို့အပြစ်ကြောင့် တိုင်းတစ်ပါးသို့ ဖမ်းသွားခေါ်ဆောင်ခံခဲ့ရသော်လည်း ယခုအခါ ယေရုရှလင်မြို့သို့ ပြန်လာခွင့် ရပြီဖြစ်သည်။ သူတို့အခြေကျပြီးနောက် ကျမ်းတတ်ဆရာ ဧဇရက သူတို့အား ပညတ်တော်များကိုဖတ်ပြခဲ့သည် (နေ ၇:၇၃-၈:၃)။ သူတို့အပြစ်များ ရှိလင့်ကစား ဘုရားရှင်သည် သူတို့ကိုမစွန့်ပစ်ကြောင်းကို အောက်မေ့လျက် (၉:၁၇၊ ၁၉) အပြစ်များကို ဝန်ချတောင်းပန်သည်။ ကိုယ်တော်ကို အော်ဟစ် သောအခါ ကောင်းကင်ဘုံကနားထောင်၍ ကရုဏာကျေးဇူးတော်ကြွယ်ဝသည်အတိုင်း… နှစ်ပေါင်းများစွာ သူတို့ကို သည်းခံခဲ့သည် (:၂၇-၃၁)။

ထိုအတူပင်၊ ဘုရားရှင်သည် ကျွန်ုပ်တို့ကိုလည်း သည်းခံတော်မူသည်။မိမိ အပြစ်ကိုဖော်ပြဝန်ချကာ သူထံလှည့်ပြန်လာရန်ရွေးချယ်မည်ဆိုပါက ကိုယ်တော် ကျွန်ုပ်တို့ကိုမစွန့်ပစ်ပါ။ သူမ၏အတိတ်မည်သို့ပင်ဖြစ်နေပါစေ သခင်ယေရှုသည် သူမကိုချစ်ပြီး သူ့မိသားစုဝင်တစ်ဉီးဖြစ်စေလိုကြောင်း ဆရာမအား ပြောပြနိုင်ခွင့်ပြန်ရပါစေဟုဆန္ဒပြုမိပါသည်။ ဘုရားရှင်သည် သင်နှင့်ကျွန်ုပ်အပေါ်၌လည်း ထိုနည်းတူ ခံစားရပါသည်။ အပြစ်ခွင့်လွှတ်ခြင်းကိုရှာလျက် သူ့ထံချဉ်းကပ်နိုင်ပြီး ကိုယ်တော်ကလည်း ခွင့်လွတ်ပေးမည်ပင်။ JULIE SCHWAB