ချစ်ရသူ၏နာမည်အစ စကားလုံးကိုရေးထိုးပြီး ပဲရစ်မြို့ရှိ ပွန်းဒီစာစ်(the Pont des Arts) တံတားပေါ်တွင် စိတ်ကူးယဉ်ဆန်စွာ ချိတ်ဆွဲထားသော ထောင်ပေါင်းများစွာသော သော့ခလောက်များကိုကြည့်ပြီး ကျွန်မအံ့အားသင့် ရသည်။ စဲန်နေမြစ်ကို ဖြတ်ဆောက်ထားသော လူသွားတံတား၌ အချစ် သင်္ကေတများ၊ ချစ်သူများအကြား ဝန်ခံကြသည့် ထာဝရဆိုသည့်ကတိများက လွှမ်းမိုးနေပါသည်။ ထိုအချစ်သော့ခလောက်များသည် တန် ၅၀ခန့် အလေးချိန်ရှိမည်ဟု ခန့်မှန်းရပြီး တံတားတစ်စိတ်တစ်ပိုင်း ပြိုကျသည်အထိ ဖြစ်သွားသောကြောင့် ၂၀၁၄ ခုနှစ်တွင် ၎င်းတို့ကို ဖယ်ရှားခဲ့သည်။

အချစ်သော့ခလောက်များ၏ပြယုတ်သည် လူသားအနေဖြင့် ချစ်မေတ္တာက ပေးသော လုံခြုံစိတ်ချမှုကို အလွန်လိုလားကြောင်းကို ဖော်ပြနေသည်။ ဓမ္မဟောင်းကျမ်းမှ ရှောလမုန်သီချင်းတွင် ချစ်သူနှစ်ဦးကြား အပြန်အလှန် ပြောကြားသော စကားများကို ရေးသားထားသည်။ အမျိုးသမီးက လုံခြုံသော မေတ္တာကို တောင့်တကြောင်း “ကျွန်မကို ကိုယ်တော့်နှလုံးပေါ်မှာ တံဆိပ်ခတ် တော်မူပါ။ လက်ရုံးတော် ပေါ်မှာတံဆိပ်ခတ်တော်မူပါ”ဟု သူမ၏ချစ်သူအားပြောသည့်စကားဖြင့်(သီ ၈:၆) ဖော်ပြသည်။ သူ့နှလုံးသား၌ တံဆိပ်ခတ်သကဲ့သို့၊ သူ့ လက်စွပ်ဖြင့်တံဆိပ်ခတ်လိုက်သကဲ့သို့ သူ၏မေတ္တာ၌ လုံခြုံစိတ်ချမှုရှိခြင်းက သူမ၏တောင့်တဆန္ဒပင်။

ရှောလမုန်သီချင်း၌ ဖော်ပြထားသည့် တည်မြဲသော စိတ်ကူးယဉ်ဆန်သောအချစ်ကိုမျှော်လင့်တောင့်တမှုက ကျွန်မတို့သည် ဘုရားရှင်၏ ဝိညာဉ်တော် အားဖြင့် တံဆိပ်ခတ်ခံထားရကြောင်း ဧဖက်သြဝါဒစာမှ သမ္မာတရားကို မီးမောင်းထိုးပြနေသည်(၁:၁၃)။ လူသားတို့၏ မေတ္တာက ပြောင်းလဲလွယ်ပြီး တံတားပေါ်မှသော့ခလောက်များ ဖယ်ရှားခံရလည်း ကျွန်မတို့အထဲရှိ ခရစ်တော်၏ဝိညာဉ်တော်သည် သူ၏သားသမီးအပေါ်ထားရှိ‌သည့် မကုန်ဆုံး သော၊ ကတိတော်နှင့်ယှဥ်သော ဘုရားရှင်၏မေတ္တာကို ဖော်ပြသည့် အစဉ် တည်မြဲသော တံဆိပ်ပင်ဖြစ်တော့သည်။ LISA M. SAMRA