ဖရန်ခ့်ဘိုးမင်းသည် လကိုပတ်သည့် ပထမဦးဆုံး အာကာသခရီးစဉ်မစ်ရှင်တွင် အမိန့်ပေးစေခိုင်းရသူဖြစ်သည်။ ထိုခရီးစဥ်အတွက် သူအထင်မကြီးခဲ့ပါ။ ခရီးစဉ် အသွားအပြန် အချိန်နှစ်ရက်တာကြာခဲ့သည်။ ဖရန်ခ့်သည် ရွှေ့လျားမှုကြောင့်ဖြစ်သည့် မူးဝေခြင်းဝေဒနာကို ခံစားရကာ အန်ပါတော့သည်။ သူက အလေးချိန်မဲ့ လေထဲလွှင့်ခြင်းသည် စက္ကန့် ၃၀ မျှသာ ကောင်းပါသည်ဟု ဆိုသည်။ ထို့နောက် သူကျင့်သားရသွားသည်။ လကို အနီးကပ်ကြည့်သောအခါ မွဲခြောက်ခြောက်နှင့် စိတ်ဝင်စားဖွယ်မကောင်းသောအပေါက်၊ ချိုင့်ခွက်ဖြစ်နေသော ဥက္ကာမျက်နှာပြင် ကိုသာ တွေ့ရသည်။ သူ့အဖွဲ့သားများသည် ထိုမီးခိုးရောင် အသုံးမဝင်သောမြေကို ဓါတ်ပုံရိုက်ကြပြီးနောက် သူတို့ငြီးငွေ့သွားတော့သည်။

မည်သူတစ်ဦးတစ်ယောက်မျှ မရောက်ဖူးသောနေရာသို့ ဖရန်ခ့်ရောက်သွား ခဲ့သည်။ ဤမျှနှင့်မပြီး။ ကမ္ဘာ့အပြင်ဘက်ကို လေ့လာစူးစမ်းမှုအတွေ့အကြုံကို သူအလွယ်တကူ စိတ်ကုန်သွားသည်ဆိုပါက ဤကမ္ဘာမြေ၌ရှိသောအရာများအပေါ်မျှော်မှန်းထားမှုများကို ကျွန်ုပ်တို့လျော့ချရန်လိုပါလိမ့်မည်။ ဒေသနာဆရာက လောကနှင့်ဆိုင်သော အတွေ့အကြုံများက အဆုံးစွန်သော ဝမ်းမြောက်ခြင်းများကို ဆောင်ကြဉ်းမပေးနိုင်ကြောင်း သိရှိခဲ့သည်။ “မျက်စိသည် မြင်၍မကုန်တတ်၊ နားသည်လည်း ကြား၍မဝတတ်” (၁:၈)။ ပျော်ရွှင်ချမ်းမြေ့သောအချိန်များကို ကျွန်ုပ်တို့ခံစားရသော်လည်း ထိုအခိုက်အတန့်သည် မကြာမီမှာပင် တဖြည်းဖြည်း ပျောက်ဆုံးသွားပြီး နောက်ထပ် စိတ်လှုပ်ရှားဖွယ်ရာများကို ရှာဖွေပါတော့သည်။

ဖရန်ခ့်သည် လအနောက် အမှောင်ထဲမှထွက်ပေါ်လာသော ကမ္ဘာမြေကို မြင် လိုက်ရသောအခါ အလွန်အံ့အားသင့်ကာစိတ်လှုပ်ရှားခဲ့သည်။ နေရောင်အောက် တွင် ကျွန်ုပ်တို့၏ကမ္ဘာကြီးသည် အပြာနှင့်အဖြူရောယှက်နေသော စကျင်ကျောက် ပမာ တောက်ပနေသည်။ ထို့အတူပင် ကျွန်ုပ်တို့၏အစစ်မှန်ဆုံးသော ပျော်ရွှင်မှုသည် ကျွန်ုပ်တို့အပေါ်ထွန်းလင်းသော သားတော်ထံမှလာပါသည်။ ယေရှုသည် ကျွန်ုပ်တို့၏အသက်၊ ဘဝအဓိပ္ပာယ်၊ ချစ်ခြင်း၊ တင့်တယ်ခြင်းအတွက် အမြတ်ဆုံး သော တစ်ခုတည်းသောအရင်းအမြစ်ဖြစ်သည်။ ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံးသော ကျေနပ်မှုသည် ဤကမ္ဘာ၏ပြင်ပမှ လာပါသည်။ ကျွန်ုပ်တို့၏ပြဿနာများအတွက်ဆိုလျှင် လကမ္ဘာအထိသွားနိုင်သော်လည်း ထိုမျှနှင့်မရသေးပါ။ MIKE WITTMER