ဂျူလီယို သည် နယူးယော့မြို့နှင့် နယူးဂျာစီမြို့ကို ဆက်သွယ်ထားသည့် ရှုပ်ယှက်ခတ်နေသော စင်္ကြံနှစ်ထပ်ရှိသည့် ဂျော့ဝါရှင်တန် တံတားကို စက်ဘီးနှင့် ဖြတ်သွားစဉ် သေရေးရှင်ရေးအခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရသည်။ လူတစ်ဉီး သည် ဟတ်ဆန် မြစ်ဘက်သို့ ထွက်နေသောအစွန်းနားတွင် ခုန်ချရန် ဟန်ပြင် နေသည်။ ရဲများအချိန်မီ မရောက်ရှိလာနိုင်သည်ကို သိသောကြောင့် ဂျူလီယိုသည် လျင်မြန်စွာလှုပ်ရှားခဲ့ရသည်။ စက်ဘီးပေါ်မှဆင်းပြီး လက်ကိုဖြန့်ကျက် ဆန့်တန်း ကာ “မလုပ်ပါနဲ့။ ငါတို့မင်းကို ချစ်တယ်” ဟုအော်ပြောလိုက်သည်။ ထို့နောက် ထိုစိတ်ဓာတ်ကျနေသူကို အခြားသူတစ်ဦး၏အကူအညီဖြင့် သိုးကို တောင်ဝှေးနှင့် ကုတ်သကဲ့သို့ လှမ်းဖက်လိုက်ကာ လုံခြုံစိတ်ချရသောနေရာသို့ခေါ်ချနိုင်ခဲ့သည်။ သတင်းများအရ ဂျူလီယို သည် ထိုသူ၏အနေအထား စိတ်ချရသည့်တိုင် ထိုလူကြီးကို လက်မလွတ်ခဲ့ကြောင်း ရေးသားဖော်ပြကြသည်။

လွန်လေသော နှစ်ပေါင်း၂၀၀၀ အစောပိုင်းက သေရေးရှင်ရေးအခြေအနေ တစ်ရပ်တွင်လည်း ကောင်းသောသိုးထိန်းယေရှုသည် သူ့ကိုယုံကြည်သူများအား သူ့အသက်ကိုစတေးပြီးကယ်တင်ကာ ဘယ်သောအခါမှ စွန့်ပစ်မည်မဟုတ် ကြောင်း ပြောခဲ့သည်။ သူ့သိုးများကို ကိုယ်တိုင်သိကျွမ်းမည်၊ ထာဝရအသက်ကို ရရှိစေမည်၊ ဆုံးရှုံးပျက်စီးရာသို့မရောက်ရဘဲ၊ သူ၏စောင့်ရှောက်မှုအောက်တွင် လုံခြုံနေမည် စသည်ဖြင့် သူ့သိုးများကို ကောင်းချီးပေးမည်အကြောင်း အနှစ်ချုပ် ဖော်ပြထားသည်။ ထိုလုံခြုံမှုသည် အားနည်းချိနဲ့သော သိုးများ၏အစွမ်း၌ မူမတည်ဘဲ သူ၏လက်မှ သိုးတစ်ကောင်ကိုမျှ အလစ်သုတ်ခွင့်မပေးသော သိုးထိန်းကြီး၏ပြည့်စုံခြင်း အပေါ်တွင် မူတည်နေပါသည် (ယော ၁၀:၂၈-၂၉)။

စိတ်ပျက်ပြီး မျှော်လင့်ခြင်းမဲ့ချိန်များတွင် ယေရှုသည် ကျွန်ုပ်တို့ကို ကယ်တင် ခဲ့သောကြောင့် ယခုအခါတွင် ကျွန်ုပ်တို့သည် လုံခြုံမှုကို ခံစားရပြီး ဘုရားရှင်နှင့် စိတ်ချမှုရှိသောဆက်ဆံရေးကို ရရှိကြပါသည်။ ဘုရားရှင် ကျွန်ုပ်တို့ကို ချစ်သည်၊ ကျွန်ုပ်တို့နောက်လိုက်ပြီး ရှာဖွေသည်၊ တွေ့လျှင် ကယ်တင်လျက် ဘယ်သော အခါမှ မစွန့်ပစ်ဟု ကတိပေးထားသည်။ MARVIN WILLIAMS