ကျွန်မအမျိုးသားအိပ်ယာမှထကာ မီးဖိုချောင်ခန်းထဲဝင်သွားချိန်၌ မိုးမလင်းသေး ပါ။ သူမီးကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်နေကြောင်း လှမ်းမြင်ရသည်။ ပြီးမှ မနေ့မနက်ပိုင်းက မီးဖိုချောင်တွင် ကျူးကျော်သူကိုမြင်လိုက်ရ၍ ကျွန်မ ထိတ်လန့် ခြောက်ခြားခဲ့ရသည်ကို သတိရမိသည်။ ကျူးကျော်သူ = မနှစ်မြို့ဖွယ် ခြေ ၆ ချောင်း သတ္တဝါ။ ကျွန်မ၏အကြောက်သန်သည့်စိတ်ကို ခင်ပွန်းကသိသော`ကြောင့် အမြန်ရောက်လာပြီး ဖယ်ရှားပစ်လိုက်သည်။ ဤနံနက်တွင် စိုးကြောက်စိတ်မရှိဘဲ ကျွန်မမီးဖိုချောင်ဝင်နိုင်ရန် သူကြိုထပြီး ထိုအကောင် များရှိမရှိ သေချာအောင် သွားစစ်ဆေးနေခြင်းဖြစ်သည်။ တော်လိုက်တဲ့‌ ယောကျ်ား။

ကျွန်မခင်ပွန်းသည် သူ့အတွေး၌ ကျွန်မလိုအပ်မှုကို သူ့လိုအင်ထက် ပို၍ ရှေ့တန်းတင်သူဖြစ်သည်။ ကျွန်မအတွက် သူ့အပြုအမူသည် ဧဖက် ၅:၂၅ တွင် ရှင်ပေါလုဖော်ပြသောချစ်ခြင်းမျိုးကို သရုပ်ဖော်ပြနေသည်။ “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏” (:၂၈)။ ရှင်ပေါလုက ခင်ပွန်းသည်၏ချစ်ခြင်းကို ခရစ်တော်၏ချစ်ခြင်းနှင့် နှိုင်းယှဉ်ထား သည်မှာ ယေရှုသည် သူ့အရေးထက် ကျွန်ုပ်တို့အရေးကို ရှေ့တန်းတင်ကြောင်းကို ဖော်ပြခြင်းဖြစ်သည်။ ကျွန်မခင်ပွန်းသည် ကျွန်မ ထိုအကောင်များ ကြောက်သည်ကို သိသောကြောင့် ကျွန်မစိုးကြောက်သောအရာကို သူ့ဦးစားပေးမှု ဖြစ်စေခဲ့ပါသည်။

ဤနည်းဥပဒေသည် ခင်ပွန်းသည်များအတွက်သာ သီးသန့်မဟုတ်ပါ။ သခင်ယေရှု၏ဥပမာအတိုင်း ကျွန်မတို့ အယောက်စီတိုင်းသည်လည်း စိတ်ပင်ပန်းမှု၊ ကြောက်ရွံ့မှု၊ ရှက်ကြောက်မှုနှင့် စိုးရိမ်မှုအစရှိသည့် ကျူးကျော်ဝင်ရောက်လာသောအရာများကို မေတ္တာဖြင့်ပေးဆပ်ကာ ကူညီဖယ်ရှားပေးခြင်းဖြင့် တစ်စုံတစ်ယောက်သည် လောကကြီးတွင် လွတ်လပ်စွာဖြင့် ရှင်သန်နိုင်မည်ဖြစ်သည်။ ELISA MORGAN