ကြမ်းတမ်းသောစကားသည် နာကျင်ရပါသည်။ ကျွန်မ၏သူငယ်ချင်း ဆုရ စာရေးဆရာသည် သူ့အပေါ်ဝေဖန်မှုများကို မည့်သို့တုံ့ပြန်ရမည်နည်းဟု တွေးရင်း ရုန်းကန်နေရသည်။ သူ့စာအုပ်အသစ်သည် အရည်အသွေးအကဲဖြတ်မှု အမြင့်ဆံုး စာရင်းနှင့် အထူးဆုရစာရင်းဝင်ခဲ့သည်။ သို့သော် လေးစားရသောမဂ္ဂဇင်း သုံးသပ်သူတစ်ဉီးက သူ့အား ပုတ်ခတ်နေလား၊ ချီးမွမ်းနေလား၊ မသဲကွဲသော အမွမ်းတင်စကားကို ပြောခဲ့သည်။ သူ့စာအုပ်ကို ကောင်းမွန်သောစာအုပ်ဟု ဆိုသော်လည်း ပြင်းထန်သောစကားလုံးဖြင့် ဝေဖန်ပြောဆိုထားသည်။ သို့နှင့် “မည်သို့တုံ့ပြန်သင့်သနည်း”ဟု သူငယ်ချင်းများထံမှ အကြံံတောင်းခံလိုက်သည်။

သူငယ်ချင်းတစ်ဉီးက “ထားလိုက်ပါ” ဟုပြောပါသည်။ ကျွန်မသည် သူ့အား လုပ်စရာရှိတာဆက်လုပ်၊ စာရေးစရာရှိတာဆက်ရေး၊ ဝေဖန်မှုကို လျစ်လျူရှု၊ သို့မဟုတ် သင်ခန်းစာယူစရာရှိတာယူ စသည့်အကြံများပေးဖြစ်ခဲ့သည်။

နောက်ဆုံး ပြင်းထန်သောဝေဖန်မှုအား မည်သို့တုံ့ပြန်ရန် သမ္မာကျမ်း၏ အကြံပြုချက်ကို ရှာကြည့်ရန် ကျွန်မဆုံးဖြတ်လိုက်သည်။ ယာကုပ်သြဝါဒစာ တွင် “နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ”ဟု( ၁:၁၉) အကြံပြုထားပြီး၊ ရှင်ပေါလုက အချင်းချင်း စိတ်သဘောတစ်ညီတစ်ညွတ်တည်းရှိကြရန် ပြောထားသည် (ရော ၁၂:၁၆)။

သုတ္တံကျမ်း အခန်းကြီး ၁၅ တစ်ခုလံုးတွင် အချင်းများကြသောအခါ တုံ့ပြန်ရမည့် ဉာဏ်ပညာကို ဖော်ပြထားသည်။ “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏”(:၁)၊ “သည်းခံနိုင်သောသူမူကား (ရန်ကို)ငြိမ်းတတ်၏” (:၁၈)၊ “နားထောင်သောသူမူကား ဉာဏ်ကို ရတတ်၏”(:၃၂)။ ထိုဉာဏ်ပညာ များကို ဆင်ခြင်ရင်း ကျွန်မသူငယ်ချင်းကဲ့သို့ ကျွန်မတို့၏နှုတ်လျှာကို ထိန်းချုပ် နိုင်ရန် ဘုရားရှင်ကူမပါစေသား။ အချုပ်အားဖြင့် ဉာဏ်ပညာသည် ဘုရားသခင်အား ကြောက်ရွံ့ခြင်းကို သွန်သင်သည်။ အဘယ်ကြောင့်ဆိုသော် “ဂုဏ်သရေအရင်၌ နှိမ့်ချခြင်း၏နေရာ”ရှိသောကြောင့်ဖြစ်သည်(:၃၃)။ PATRICIA RAYBON