ကျွန်မသည် အခြားနိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွေ့ခဲ့ချိန်က ပထမဆုံးကြုံတွေ့ရသည့် အရာများအနက်တစ်ခုမှာ ကျွန်မကို မကြိုဆို မလက်ခံလိုသကဲ့သို့ခံစားရချက် ဖြစ်သည်။ ထိုနေ့က ကျွန်မ၏ခင်ပွန်း တရားဟောရသည့် ဘုရားကျောင်းလေး၌ နေရာတစ်နေရာရပြီးချိန်တွင် သက်ကြွယ်လူကြီးတစ်ဦးက “ဟိုဖက်ရွေ့ပေး” ဟု ပြောလိုက်ရာ ကျွန်မမှာ ကြောင်အမ်းအမ်းဖြစ်သွားသည်။ ထိုသူ၏ဇနီးက သူတို့ အမြဲထိုင်သည့်ခုံတန်း၌ ကျွန်မထိုင်နေခြင်းဖြစ်ကြောင်း ရှင်းပြပြီး တောင်းပန်စကား ဆိုသည်။ အသင်းတော်ရံပုံငွေရှာရန်အတွက် ခုံတန်းကို အသင်းသားများအား ငှားရမ်းလေ့ရှိကြောင်း၊ သူများငှားပြီးသားထိုင်ခုံကို မည်သူမှ မထိုင်မိအောင် သေချာဂရုစိုက်ကြကြောင်း နှစ်များစွာကြာမှ ကျွန်မသိခဲ့ရသည်။ ဆယ်စုနှစ် တစ်လျှောက်လုံး ထိုသဘောထားကို ကျင့်သုံးခဲ့ကြောင်း ထင်ရှားပါသည်။

နောက်ပိုင်းတွင် ကျွန်မကြုံခဲ့ရသည့်အဖြစ်နှင့် တစ်ခြားစီဖြစ်သည့် နိုင်ငံခြားသား/တစ်ပါးအမျိုးသားများကို ကြိုဆိုလက်ခံရန် ဘုရားသခင်က ဣသရေလလူတို့ကို ညွှန်ကြားထားသည့်အကြောင်းကို ကျွန်မ ပြန်ဆင်ခြင်ခဲ့ သည်။ လူမျိုးတော်တို့ ကြီးပွားတိုးတက်စေမည့် နည်းဥပဒေများကို ချမှတ်ရာတွင် ဣသရေလတို့ကိုယ်၌က တိုင်းတစ်ပါးတွင် ဧည့်သည်ဖြစ်ခဲ့ဖူးသည့်အတွက် တစ်ပါးအမျိုးသားများကို ကြိုဆိုလက်ခံရမည့်အကြောင်း ဘုရားသခင်က သူတို့ကို သတိပေးခဲ့သည် (ဝတ် ၁၉:၃၄)။ တစ်ပါးအမျိုးသားများကို အကြင်နာကရုဏာ ပြရမည်သာမက (:၃၃)၊ မိမိ“ကိုယ်နှင့်အမျှ (သူတို့ကို) ချစ်ရမည်” (:၃၄)။ အဲဂုတ္တု ပြည်၏ဖိနှိပ်ညှဉ်းဆဲမှုမှ ဘုရားသခင် သူတို့ကို ကယ်ထုတ်ပြီး “နို့နှင့်ပျားရည် စီးသောပြည်” သို့ ပို့ဆောင်ခဲ့သည် (ထွ ၃:၁၇)။ ဘုရားသခင်က သူ့လူမျိုးတော်ကို ထိုအရပ်၌ နေထိုင်သောအခြားလူမျိုးများကိုလည်း ချစ်ရန် မျှော်လင့်ထားသည်။

သင်တို့အလယ်တွင် တစ်ပါးအမျိုးသားတစ်စိမ်းတစ်ရံဆံများနှင့် ကြုံဆုံလာပါက သူတို့အား သခင့်မေတ္တာတော်ဝေမျှရန် အဆီးအတားဖြစ်မည့် ဓလေ့ထုံးတမ်းများကို ဖော်ပြပေးရန် ဘုရားသခင်အား တောင်းခံပါ။ AMY BOUCHER PYE