တောင်အာဖရိကလူမျိုး ဖရက်ဒီ ဘလွန်း သည် ၂၀၁၈ ခုနှစ်က အသက် ၁၁၄ နှစ် ပြည့်ခဲ့ပြီး အသက်အကြီးဆုံး အမျိုးသားအဖြစ် တစ်မူထူးစွာ အသိမှတ်ပြုခံရသည်။ ရိုက်ညီအစ်ကိုတို့ သူတို့၏လေယာဉ် Flyer II ကို တည်ဆောက်သည့်နှစ်၊ ၁၉၀၄ ခုနှစ်တွင် ဘလွန်း မွေးဖွားခဲ့ပြီး ကမ္ဘာစစ်နှစ်ခုလုံး၊ တောင်အာဖရိက လူမျိုးရေး ခွဲခြားမှုနှင့် စီးပွားရေးကပ်ဆိုက်သည့်ကာလတစ်လျှောက် အသက်ရှင်ခဲ့ပါသည်။ အသက်ရှည်ရခြင်း၏လျှို့ဝှက်ချက်ကို မေးသော် ဘလွန်းကပုခုံးကိုသာတွန့်ပြ သည်။ အများနည်းတူ ကျန်းမာရေးအတွက်အစားအသောက် ရွေးချယ်စားသုံး ခြင်း၊ အလေ့အကျင့်ကောင်း လုပ်ဆောင်ခြင်းလည်း မရှိပါ။ သို့သော် ဘလွန်းက “တစ်ခုတော့ရှိတယ်။ အဲဒါ ဘုရားသခင်ပဲ။ သူ့မှာ အနန္တတန်ခိုး ရှိတယ်။ … သူက ကျုပ်ကို ကိုင်ဆွဲမူတယ်”ဟုမှတ်သားစရာ အချက်တစ်ချက်ကို ပြောပြသည်။

ဘလွန်း ၏စကားက ရက်စက်သည့်ရန်သူများ၏ ဖိနှိပ်မှုအောက်၌ နိုင်ငံတော် ပျက်စီးလွင့်ပျောက်တော့မည့်အချိန်၌ ဣသရေလလူတို့ကို ဘုရားသခင် မိန့်ကြား ခဲ့သည့်စကားကို ထင်ဟပ်ပြနေသည်။ “ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်” (ဟေရှာ ၄၁:၁၀) ဟု ဘုရားသခင်ကတိပေးခဲ့သည်။ သူတို့၏အခြေအနေ မည်မျှပင် မျှော်လင့်ချက်မဲ့နေပါစေ၊ နှစ်သိမ့်ချမ်းသာရှာတွေ့ရန် အလားအလာမရှိ ဖြစ်နေပါစေ ဘုရားက သူ့လူမျိုးတော်တို့ကို ဂရုတစိုက်ကိုင်ဆွဲထားကြောင်း စိတ်ချမှုပေးသည်။ “မစိုးရိမ်နှင့်။ …သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်” (:၁၀)။

ကျွန်ုပ်တို့ မည်မျှအသက်ရှင်ရပါလေစေ၊ ဘဝ၏အခက်အခဲများက ကျွန်ုပ်တို့ တံခါးကို လာခေါက်မည်သာဖြစ်သည်။ အိမ်ထောင်ရေး အဆင်မပြေမှု၊ မိသားစုကို စွန့်ခွာသွားသည့် သားသမီး၊ ဆရာဝန်ထံမှဆိုးရွားသည့်သတင်း၊ ညှဉ်းပန်းနှိပ်စက်မှု စသည်ဖြင့် ဖြစ်နိုင်သည်။ သို့သော် ကျွန်ုပ်တို့၏ဘုရားရှင်သည် ကျွန်ုပ်တို့ထံ အရောက်လာပြီး ကျွန်ုပ်တို့ကို မြဲမြံစွာ ကိုင်ဆွဲတော်မူ၏။ သန်မာနူးညံ့သော လက်တော်နှင့် ကျွန်ုပ်တို့ကို စုစည်းထောက်ပင့်တော်မူ၏။ WINN COLLIER