ကျွန်ုပ်၏မိတ်ဆွေဟောင်းတစ်ဉီးနှင့် မမျှော်လင့်ဘဲဆံုမိပြီး သူက သူအောင်မြင် နေပြီဖြစ်ကြောင်း ပြောပါသည်။ သို့သော် ကျွန်ုပ်မယံုနိုင်ခဲ့ကြောင်းကို ဝန်ခံရ ပါမည်။ ထိုသို့ပြောပြီး လအနည်းငယ်အတွင်း ရေဒီယို၌ အကြိမ်ကြိမ် တောင်းဆိုခံရခြင်းမှ အစ၊ ရုပ်သံကြော်ငြာတွင် နာမည်ကြီးသီချင်းအဖြစ် စာတန်းထိုးဖော်ပြခံရခြင်းအဆံုး သူ၏တီးဝိုင်းကို နေရာတကာတွင် တွေ့ခဲ့ရ သည်။ သူသည် တစ်ရှိန်ထိုး၍ အောင်မြင်မှုရခဲ့သည်။

ထူးခြားကြီးမားစွာ လျင်မြန်စွာ ရုပ်ခြည်းအောင်မြင်မှုရလိုသည့်အတွေးက ကျွန်ုပ်တို့ကို လွှမ်းမိုးစိုးမိုးနေနိုင်ပါသည်။ သို့သော်မုန်ညှင်းစေ့နှင့်တဆေးဉပမာက ၎င်းတို့၏သေးငယ်လျက်၊ မထင်မရှားရှိလျက် နှေးကွေးစွာဖြည်းဖြည်းချင်း တိုးတက်ဖြစ်ပေါ်လာမှုနှင့် နိုင်ငံတော် (လောက၌ ဘုရားသခင်၏အုပ်စိုးမှု) ဖြစ်ပေါ်လှုပ်ရှားနေပံုကို နှိုင်းယှဉ်ဖော်ပြသည်။

နိုင်ငံတော်သည် သူ၏မင်းကြီးနှင့်တူသည်။ ခရစ်တော်၏အမှုတော်တာဝန် တွင် အဖြစ်အပျက်များ တစ်ခုပြီးတစ်ခုပါရှိသည်။ သစ်စေ့ကဲ့သို့ မြေ၌မြှုပ်နှံခံရသည်။ တဆေးကဲ့သို့ မပေါ်လွင်ဘဲ ဂျုံမုန့်ညက်ထဲရှိနေသည်။ သို့သော် ခရစ်တော် ထိုးဖောက်အောင်မြင်ခဲ့သည်။ မြေအမှိုက်သရိုက်ကို ထိုးဖောက်ရှင်သန်သည့် သစ်ပင်ကဲ့သို့၊ အပူပေးခံရပြီးမှကြွလာသည့် ပေါင်မုန့်ကဲ့သို့ ယေရှု ထမြောက်ခဲ့သည်။

ထိုသခင်၏နည်းလမ်းအတိုင်း မပေါ်လွင်သော်လည်း အဆက်မပြတ် ပျံ့နှံ့ စိမ့်ဝင်လျက် ရှင်သန်ရန် ကျွန်ုပ်တို့ကို သခင်ခေါ်တော်မူသည်။ ပြဿနာကို မိမိ ဘာသာ မိမိဖြေရှင်းရန်၊ အခွင့်အာဏာကို ဆုတ်ကိုင်ထားရန်၊ လောက၌ ရှင်သန် လုပ်ဆောင်မှုများမှ ထွက်ပေါ်လာသည့် ရလဒ်ဖြင့် အမှန်ကိုဆံုးဖြတ်ရန် စသည့် သွေးဆောင်မှုများကို ကျွန်ုပ်တို့ ဆန့်ကျင်ရမည်။ မိုးကောင်းကင်ငှက်တို့လာ၍နားနေမှီခိုလောက်သောအပင်(:၃၂)၊ စားသောက်ပွဲအတွက် လောက်င သည့်မုန့်စသည့် ကြီးမားသောရလဒ်များကို ခရစ်တော်ပြုလုပ်ဖြစ်စေခြင်း ဖြစ်သည်။ မိမိ လုပ်ဆောင်ခြင်းမဟုတ်ပါလေ။ GLENN PACKIAM