သူ့မိခင်ရှာရွန်ဒါ သေဆံုးသွားသည့် ၂၄ နာရီအတွင်း ခရစ်သည် “ချစ်ခြင်းစိတ်သည် မုန်းတီးစိတ်ထက် အားကြီးပါ၏” ဟူသည့် တန်ခိုးပါသော ကျေးဇူးပြုသော စာသားကို ရေရွတ်နေမိသည်။ ကာရိုလိုင်းနား ပြည်နယ်တောင်ပိုင်း၊ ချာလစ်တန် ဒေသ ဗုဒ္ဓဟူးနေ့ညပိုင်း ကျမ်းစာသင်တန်း၌ သူ့မိခင်နှင့်အတူ အခြားလူရှစ်ဉီးတို့မှာ အသတ်ခံခဲ့ရသည်။ အထက်ပါ စကားလံုးများကို စိတ်ရင်းမှန်နှင့် နှုတ်မှပွင့်အံကျခဲ့သည်အထိ ဤဆယ်ကျော်သက်လူငယ်လေး၏ဘဝကို မည်သည့်အရာက ပံုသွင်းပေးခဲ့ သနည်း။ ခရစ်သည် သခင်ယေရှုကို ယံုကြည်သူဖြစ်ပြီး သူ့မိခင်မှာ “လူတိုင်းကို စိတ်နှလံုးအကြွင်းမဲ့နှင့် ချစ်ခင်သူ ဖြစ်သည်”။

လုကာ ၂၃:၂၆-၄၉ တွင် အပြစ်သားနှစ်ဉီးနှင့် အပြစ်ကင်းသူယေရှုတို့ကို ကားတင်သတ်သည့် မြင်ကွင်းကို ထင်ရှားစွာ မြင်တွေ့ရသည် (:၃၂-၃၃)။ သူတို့ သံုးဦးလံုး ကားတင်သတ်ခံရသည်(:၃၃)။ ၎င်းတို့၏ အသက်ရှူသံ၊ သက်ပြင်းချသံနှင့် ညည်းတွားသံများကြားမှ ယေရှု၏စကားသံကို အတိုင်းသား ကြားရ သည်။ “အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြု သောအမှုကို မသိကြ” (:၃၄)။ ဘာသာရေးခေါင်းဆောင်များ၏ မုန်းတီးစိတ်ဖြင့် အစပျိုးခဲ့သည့်အရာက အချစ်ချန်ပီယံကြီးအား ကားတင် သတ်သည်အထိ ဖြစ်သွားသည်။ ဝေဒနာခံစားရသည့် တစ်လျှောက်လံုးတွင် သခင်ယေရှု၏မေတ္တာက ဆက်လက်အောင်ပွဲခံခဲ့သည်။

သူတစ်ပါး၏အမုန်းဒဏ်၊ မနာလိုရှုဆိမ့်ဒဏ်၊ ခါးသီးနာကျည်းသည့်ဒဏ်၊ အကျည်းတန်ဆိုးရွားသည့်ဒဏ်များကို သင် (သို့) သင်ချစ်ရသူတစ်ဉီးဉီး မည်သို့ ခံစားနေရသနည်း။ သင်၏နာကျင်မှုက ဆုတောင်းပေးရန် သင့်ကို နိုးဆော်ပါစေသား၊ သခင်ယေရှုနှင့် ခရစ်ကဲ့သို့သောလူများ၏ပံုသက်သေက အမုန်းထက် အချစ်ကို ရွေးချယ်နိုင်အောင် သင့်ကို မစအားပေးပါစေသား။ ARTHUR JACKSON