ဝေါ့ထ်ဒစ္စနေး ကာတွန်းဇာတ်ကောင် ဘမ်ဘီကို ပြန်လည်အသက်သွင်းပြီး ထုတ်လွှင့်သည့်အခါ သားသမီးများနှင့်အတူ ဖေဖေ၊ မေမေတို့၏ ငယ်ဘဝများ ပြန်လည်ရှင်သန်လာသည်။ ရုပ်ရှင်လာကြည့်သူမိဘများတွင် အမဲလိုက်ခြင်း အပါအဝင် ပြင်ပလှုပ်ရှားမှုများကို ဝါသနာပါပြီး အထင်ကြီးစရာ ဆုဖလားများ ဆွတ်ခူးထားသည့် ခင်ပွန်းသည်တစ်ယောက်၏ ငယ်ရွယ်သောဇနီးဖြစ်သူလည်း ပါဝင်သည်။ အမဲလိုက်သူများလက်ထဲသို့ ဘမ်ဘီလေး၏မိခင် ပါသွားသည့် အခန်းကို ရင်တမမနှင့် ပါးစပ်အဟောင်းသားနှင့် နာကျင်ခံစားစွာ ကြည့်နေစဥ် သူ့သားလေးက “ကောင်းလိုက်တဲ့ပစ်ချက်” ဟု လူကြားထဲ ထအော်သဖြင့် အရှက်ကွဲခဲ့ရသည်ဟု မိသားစုတွေ့ဆုံပွဲတွင် သူပြန်‌ပြောင်း ပြောပြသည်။

ကျွန်ုပ်တို့၏သားသမီးများပြောဆိုခဲ့သည် အရှက်ရစရာ အကြောင်းအရာများ ကို ပြန်လည်သတိရမိသည့်အခါတိုင်း ကျွန်ုပ်တို့ရယ်မောမိသည်။ ဆာ ၁၃၆ မှ လူများ ထိုသို့ပြောဆိုပါက ကျွန်ုပ်တို့မည်ကဲ့သို့ တုံ့ပြန်ကြမည်နည်း။ ဘုရားသခင် ရွေးချယ် ကယ်နှုတ်ခဲ့သော ဣသရေလလူတို့သည် သူတို့အပါအဝင် ဖန်ဆင်းသောအရာများအပေါ် တည်မြဲသည့် ဘုရားရှင်၏မေတ္တာတော်ကို ချီးမွမ်းကြသည်။ ထိုမေတ္တာက ရန်သူများအတွက်မပါဟု ယူဆကာ “အဲဂုတ္တုလူများ၏သားဦးကို ဒဏ်ခတ်သော ဘုရား”ကို ဝမ်းမြောက်စွာ ချီးမွမ်းသီဆိုခဲ့သည် (:၁၀၊ ထွက် ၁၂: ၂၉-၃၀)။

၎င်းသည်သည် အခြားသူတို့၏မိဘညီအစ်ကိုမောင်နှမများ ဆုံးရှုံးရခြင်း အပေါ် “ကောင်းလိုက်တဲ့ပစ်ချက်” ဟု အော်ဟစ်သကဲ့သို့ ဖြစ်မနေပေဘူးလား။

ထို့ကြောင့် ဇာတ်သိမ်းပိုင်းကို သိရန်လိုသည်။ ခရစ်တော်ထမြောက်ရှင်ပြန်ခြင်းအလင်းပေါ်ထွန်းခြင်းကြောင့်သာ မိသားစုတစ်ခု၏ ဖြစ်ရပ်များ၊ မျက်ရည်များနှင့် ရယ်မောသံများကို ခံစားဝမ်းမြောက်ရန် တစ်လောကလုံးကို ဖိတ်ခေါ်နိုင်ပါသည်။ သခင်ယေရှုကို မိမိ၏ကယ်တင်ရှင်အဖြစ်လက်ခံပြီး ကိုယ်တော်၌ အသက်ရှင်သန် မှသာ လူတိုင်းကိုချစ်သော ဘုရားသခင်၏အံ့သြဖွယ်ရာများကို သခင်ကိုယ်တိုင်၏ စွန့်လွတ်ပေးဆပ်သောအဖိုးအခအားဖြင့် ခံစားနိုင်ကြမည်ဖြစ်သည်။ MART DEHAAN