ကျွန်တော်အသံထွက်အောင် ရယ်မိပါသည်။ ဓာတ်ပုံတွင် လူအုပ်ကြီးသည် မက္ကစီကန်လမ်းမပေါ်တွင် စီတန်းကာ၊ အလံများကိုဝေ့ယမ်းလျက်၊ ရောင်စုံ စက္ကူစ အမှုန်များကျဲကာ၊ ပုပ်ရဟန်းမင်းကြီးအား စောင့်ကြိုနေခဲ့ကြသည်။ လမ်းအလယ်၌ လေလွင့်ခွေးလေးတစ်ကောင်သည် လမ်းလျှောက်လာကာ၊ သူ့အား သောင်းသောင်းဖျဖျကြိုဆိုကြသည့်နှယ် ပျော်မြူးနေသည်။ ဟုတ်ပါသည်။ ဤကဲ့သို့ ပျော်စရာကောင်းသောနေ့ကို ခွေးတိုင်း ပိုင်ဆိုင်သင့်ပါသည်။

ခွေးလေးတစ်ကောင်က ဤပွဲ၏အာရုံကို ဖမ်းစားသွားခဲ့သည်မှာ ချစ်စရာ ကောင်းပါသည်။ သို့သော် အခြားသူတစ်ယောက်၏ချီးမွမ်းခြင်းကို လုယူခြင်း သည် ကျွန်တော်တို့ကို ပျက်စီးစေနိုင်သည်။ ဤအချက်ကို ဒါဝိဒ်သိသည်။ ထို့ကြောင့် သူ၏စစ်သူရဲတို့ အသက်စွန့်ကာ ခပ်လာခဲ့သောရေကိုသောက်ရန် သူငြင်းဆန်ခဲ့သည်။ တစ်စုံတစ်ယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်၍ပေးလျှင် ကောင်းလိမ့်မည်ဟု တောင့်တစိတ်နှင့် သူဆိုမိရာ၊ စစ်သူရဲသုံးယောက်တို့သည် ရန်သူ့တပ်ကို ဖျက်ဝင်ကာ ရေခပ်ပြီး သူ့ထံယူဆောင်လာခဲ့သည်။ ဒါဝိဒ်သည် သူတို့၏ စွန့်လွှတ်မှုကြောင့် စိတ်ထိခိုက်ကာ၊ ရေကိုသောက်ရန် ငြင်းဆန်ပြီး၊ ဘုရား သခင့်ရှေ့တော်၌၊ ပူဇော်သက္ကာအဖြစ် သွန်းလောင်းခဲ့သည် (၂ ရာ ၂၃:၁၆)။

မိမိအကြောင်း ချီးမွမ်းခြင်း၊ ဂုဏ်ပြုခြင်းနှင့်ပတ်သက်၍၊ မည်သို့ တုံ့ပြန်ကြ သနည်း။ ချီးမွမ်းခြင်းသည် အခြားသူများ အထူးသဖြင့် ဘုရားသခင်ထံသို့ ရည်ရွယ်ပါက ကျွန်တော်တို့ ဘေးဖယ်နေရမည်။ စီတန်းလှည့်လည် ဂုဏ်ပြုခြင်းကို ခံယူရန်မှာ ကျွန်တော်တို့အတွက် မဟုတ်ပါ။ ချီးမြှောက်ခြင်းသည် ကျွန်တော်တို့အတွက် ဖြစ်ပါက ဆောင်ယူ‌ပေးလာသူကို ကျေးဇူးတင်ပါ။ သည့်နောက်တွင် ထိုချီးမွမ်းခြင်းဘုန်းအသရေကို ယေရှုအား ပေးလိုက်ပါ။ “ရေ”သည်လည်း ကျွန်တော်တို့အတွက် မဟုတ်ပါ။ ကျေးဇူးတော်ချီးမွမ်းပြီး ထိုရေကို ဘုရားသခင့် ရှေ့တော်သို့ သွန်းလောင်းလိုက်ပါ။ MIKE WITTMER