ကြီးကြပ်ရေးမှူးအသစ်၏ရုံးခန်းအတွင်းသို့ ဝင်ရောက်စဉ် သတိကြီးစွာထား လျက်၊ ထိတ်လန့်တုန်လှုပ်သည့်ခံစားချက်ကို ကျွန်မခံစားရသည်။ ယခင် ကြီးကြပ်ရေးမှူးသည် ကျွန်မတို့ဌာနအပေါ် ကြမ်းတမ်းခက်ထန်စွာ မညှာမတာ ဆက်ခံခဲ့သောကြောင့် ကျွန်မနှင့် အခြားသူတို့ မကြာခဏ မျက်ရည်ကျခဲ့ရသည်။ “ယခုကြီးကြပ်ရေးမှုအသစ်က ဘယ်လိုလူမျိုးဖြစ်မလဲ”ဟု တွေးမိသည်။ ရုံးခန်း ထဲသို့ရောက်သော် သူက ကျွန်မကို နွေးထွေးစွာကြိုဆိုပြီး၊ ကျွန်မအကြောင်းနှင့် ပြဿနာများအကြောင်း ပြောပြခိုင်းသောကြောင့် ကျွန်မ၏မျက်ရည်များ လွင့်ပြယ်သွားသည်ဟုထင်ရသည်။ သူ၏ ဂရုတစိုက်နားထောင်မှု၊ ကြင်နာသော အပြုအမူ၊ နူးညံ့သောစကားများကြောင့် အမှန်ဂရုစိုက်ကြောင်း ကျွန်မသိခဲ့သည်။ ခရစ်တော်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သူသည် ကျွန်မ၏လုပ်ငန်းခွင်မှဆရာ၊ ခွန်အားပေးသူ၊ မိတ်ဆွေတစ်ဦးဖြစ်လာခဲ့သည်။

ရှင်ပေါလုသည် “သူ၏ယုံကြည်ခြင်းအားဖြင့် သားစစ်”(တိတု ၁:၄) ဖြစ်သော တိတုအတွက် ဝိညာဉ်ရေးရာဆရာဖြစ်သည်။ အသင်းတော်တွင် တိတုထမ်းဆောင် ရသည့်ကဏ္ဍအတွက် အထောက်အကူပြု လမ်းညွှန်ချက်နှင့်မစမှုများကို တိတုထံသို့ သူရေးသောစာ၌ ညွှန်ကြားပေးသည်။ “စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောရန်(၂:၁)”၊ “ကောင်းသောအကျင့်၏ပုံသက်သေကို ပြရန်”၊ “စင်ကြယ်သောတရားစကားကို ဟောပြောရန်(:၇-၈)” သင်ကြားပေးရုံ မက၊ ပုံသွင်း ပေးခဲ့သည်။ ရလဒ်အဖြစ် တိတုသည် သူ၏အဖော်၊ ညီအကို၊ လုပ်ဖော်ကိုင်ဘက် (၂ကော ၂:၁၃၊ ၈:၂၃)နှင့် အခြားသူတို့ကို ဦးဆောင်လမ်းပြသူ ဖြစ်လာခဲ့သည်။

ကျွန်ုပ်တို့အားလုံးသည် ဆရာသမား၊ လေ့ကျင့်ပေးသူ၊ အဘိုးအဘွားနှင့် လူငယ်ခေါင်းဆောင်စသည့် ဦးဆောင်သူတို့ထံမှ အကျိုးကျေးဇူးများ ရရှိခဲ့ သည်။ ၎င်းတို့သည် သူတို့၏ဗဟုသုတ၊ အသိပညာ၊ ခွန်အားပေးမှု၊ ဘုရား သခင်၌ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို လမ်းညွှန်ပေးသည်။ ခရစ်တော် နှင့်အတူ လျှောက်လှမ်းရာတွင် သင်ရရှိခဲ့သော ဝိညာဉ်ရေးဆိုင်ရာ သင်ခန်းစာ များမှ မည်သူတို့အကျိုးကျေးဇူးကို ခံစားရနိုင်သနည်း။ ALYSON KIEDA