သမိုင်း၌ စာပို့စနစ်နှောင့်နှေးကြန့်ကြာမှု အကြာဆုံးစံချိန်မှာ ၈၉ နှစ် ဖြစ်သည်။ ယူကေရှိ အိမ်ပိုင်ရှင်တစ်ဦးသည် သူ့အိမ်၌နေထိုင်ခဲ့သော ယခင်အိမ်ပိုင်ရှင်ထံသို့ ပါတီပွဲတက်ရောက်ရန် ၁၉၁၉ ခုနှစ်က ပေးပို့သောဖိတ်စာကို ၂၀၀၈ ခုနှစ်မှ သူရရှိ ခဲ့သည်။ တော်ဝင်စာပို့စနစ်ဖြင့်ပို့သည်ဟူသောမှတ်ချက်ဖြင့် စာတိုက်ပုံးထဲထည့်ခဲ့သော်လည်း အဘယ်ကြောင့် ထိုမျှကြန့်ကြာခဲ့ရသနည်း။ ပဟေဠိဆန်လှသည်။

ဆက်သွယ်ရေးကဏ္ဍ၌ လူသားတို့၏အကောင်းဆုံးအားထုတ်မှုပင်လျှင် တစ်ခါတစ်ရံ စိတ်ပျက်စရာဖြစ်သည်။ သို့သော် ဘုရားသခင်သည် သစ္စာတည်သည့် သူ့လူများ၏စကားကို မပျက်ကွက်ကြားနာသည်ဟု သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားသည်။ ၃ ရာ ၁၈ တွင် ဧလိယသည် ဗာလဘုရားနှင့် ယေဟောဝါဘုရား ၏ကွဲပြားခြားနားချက်ကို ပေါ်လွင်စွာသရုပ်ပြခဲ့သည်။ ဗာလပရောဖက်များက နာရီကြာမြင့်စွာ ဆုတောင်းပြီးနောက် မည်သူက ဘုရားအစစ်အမှန်ဖြစ်သည်ကို ဖော်ပြရာတွင် ဧလိယက “ကျယ်သောအသံနှင့် ဟစ်ကြလော့။ … ဗာလသည် ဘုရား ဖြစ်တော်မူ၏။ ဆင်ခြင်လျက်နေတော်မူ၏။ …တစ်စုံတစ်ခုကို လိုက်၍ရှာတော်မူ၏။ … ခရီးသွားတော်မူ၏။ …ကျိန်းစက်တော်မူသောကြောင့် ” သူ့ကိုနှိုးရမည်ဟု ပြက်ယယ်ပြု၍ဆို၏(:၂၇)။ ထို့နောက် လူမျိုးတော်တို့ ယုံကြည်ခြင်းသို့ လှည့်ပြန် လာရန်အလို့ငှာ ယေဟောဝါဘုရားအား အဖြေပေးပါရန် ဧလိယဆုတောင်းခဲ့ပြီး ဘုရားသခင်သည် သူ့တန်ခိုးတော်ကို ရှင်းလင်းစွာပြသခဲ့သည်။

ကျွန်ုပ်တို့၏ဆုတောင်းများသည် ဧလိယ၏ဆုတောင်းကဲ့သို့ အမြဲတမ်း ချက်ချင်း အဖြေမရသော်လည်း ဘုရားရှင်ကြားတော်မူကြောင်း ကျွန်ုပ်တို့စိတ်ချ ထားနိုင်ပါသည် (ဆာ ၃၄:၁၇)။ ဘုရားရှင်သည် ကျွန်ုပ်တို့၏ဆုတောင်းကို အလွန်တန်ဖိုးထားပြီး အမွှေးနံ့သာကဲ့သို့ သူ၏မျက်မှောက်တော်ရှိ ‘ရွှေဖလားများ’ထဲ၌ ထားထားကြောင်း သမ္မာကျမ်းစာက သတိပေးအမှတ်ရစေပါသည် (ဗျာ ၅:၈)။ ဘုရားသခင်သည် သူ၏စုံလင်သောဉာဏ်ပညာတော်နှင့် နည်းလမ်းအတိုင်း ဆုတောင်းသမျှကို အဖြေပေးမည်ဖြစ်သည်။ ကောင်းကင်ဘုံ၌ ပျောက်သွားသော ပေးစာ ဟူ၍မရှိပေ။ James Banks